ပလုံကောက်သူတွေ အကြောင်း

ဗီဒီယို ပုံစာ, ပလုံကောက်သူတွေ အကြောင်း

နိုင်ငံရေးရော စီးပွားရေးပါ ကျဆင်းနေတဲ့ မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားတွေရဲ့ နေ့စဉ်လူမှုဘဝ ရှင်သန်မှုက ပိုလို့ခက်ခဲလာပါတယ်။ ‘ပလုံ ကောက်တယ်’ လို့ ခေါ်ဝေါ်ကြတဲ့ စွန့်ပစ်အမှိုက်တွေထဲက ရေသန့်ဘူးနဲ့ အအေးဘူးခွံတွေကို အမှိုက်ပုံနဲ့ လမ်းမတွေပေါ်မှာ လိုက်ကောက်ရင်း အသက်မွေးကြသူတွေက မြို့ပြရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာနေပါတယ်။ လမ်းပေါ်မှာမဟုတ်ဘဲ ချောင်းထဲမှာ ပလုံကောက်ကြသူတွေအကြောင်းကို ရှုစားကြရမှာပါ။ ကိုတင်အောင်ကျော်ကပြောပြပေးမှာပါ။