မသန်စွမ်းတွေ အဆင်ပြေပြေသွားလာနိုင်အောင်လုပ်ပေးဖို့တောင်းဆို
တောင်ကိုရီးယားနိုင်ငံမှာ မသန်စွမ်းသူများအရေး လှုပ်ရှားသူတွေကို မြေအောက်မီးရထားလုပ်ငန်း အာဏာပိုင်တွေက တရားစွဲထားပါတယ်။
ဘူတာရုံတွေအားလုံးမှာ wheelchair သုံးသူတွေ အသုံးပြုသွားလာနိုင်အောင်လုပ်ပေးဖို့၊ မသန်စွမ်းသူတွေ သွားလာလှုပ်ရှားနိုင်ရေး အထောက်အကူရအောင် အာဏာပိုင်တွေက ဘတ်ဂျက် ငွေ ပိုချပေးဖို့ လှုပ်ရှားသူတွေက လိုလားပါတယ်။
ဒါပေမဲ့ အာဏာပိုင်တွေဘက်က ခပ်တင်းတင်းတုံ့ပြန်မှုကြောင့် ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြားမှာ ခါးသီးတဲ့ ရန်လိုမှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာခဲ့ပါတယ်။
ဆိုးလ်မြို့တော်က ဘီဘီစီ သတင်းထောက် Nick Marsh ပေးပို့တဲ့ သတင်းကို ကိုဝေဖြိုး ပြောပြပါမယ်။