ဘောလုံးဘုရင် ပီလီရဲ့ ဘဝ ခရီးလမ်း
ဘောလုံးဘုရင်ကြီးလို့ တင်စားကြတဲ့ ဂန္ထဝင်ဘောလုံးသမား ပီလီ ကွယ်လွန်သွားတဲ့အတွက် ဘရာဇီးနိုင်ငံမှာ ၃ ရက်တာ ဝမ်းနည်းပူဆွေးဖွယ်နေ့များအဖြစ်သတ်မှတ်ထားပါတယ်။
အသက် ၈၂ နှစ်အရွယ် ပီလီဟာ ဆော်ပေါ်လို မြို့မှာ မနေ့က ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဖလားကို ၃ကြိမ်ရခဲ့ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တာကြောင့် ဂန္ထဝင် ဘောလုံးသမားအဖြစ်သတ်မှတ်ထားကြတာပါ။
ဘရာဇီးနိုင်ငံက ဆင်းရဲသားတွေအတွက် လူမှုအဆင့်အတန်း တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။ သူ့အကြောင်းကို ပြန်ကြည့်ရအောင်ပါ။ ကိုမင်းထက်က ပြောပြပေးထားပါတယ်။