အာဖဂန်မှာ အငတ်ဘေးမကျအောင် နည်းမျိုးစုံနဲ့ ကြိုးစားရုန်းကန်နေကြ
အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်ခဲ့ပြီးနောက် ဒုတိယအကြိမ်ကြုံရတဲ့ ဆောင်းရာသီမှာ အသက်ရှင်နိုင်ဖို့ သမီးတွေကို ရောင်းစားတာ အပါအဝင် လူတွေ နည်းလမ်းပေါင်းစုံ အပူတပြင်း ကြိုးပမ်းနေကြရတဲ့ အထောက်အထားတွေကို ဘီဘီစီက တွေ့ရှိရပါတယ်။
အာဖဂန် စီးပွားရေးကလည်း ပြိုလဲနေပါတယ်။
သန်းနဲ့ချီတဲ့သူတွေ ငတ်မွတ်ဘေးကျလုနီးဖြစ်နေတဲ့အတွက် အန္တရာယ်ရှိတဲ့ အခြေအနေအဖြစ် ကုလသမဂ္ဂကပြောဆိုပါတယ်။
ကလေးငယ်တွေကြား အာဟာရချို့တဲ့မှုနှုန်းက ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။
အချို့လူတွေက ဗိုက်ဆာနေတဲ့ သူတို့ ကလေးတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆေးပြားတွေပေးပြီး ငြိမ်အောင်လုပ်ကြတယ်ဆိုတာ ဘီဘီစီက သိရပါတယ်။
ဟားရက်တ် မြို့ကနေ ဘီဘီစီ သတင်းထောက် ယိုဂီတာ လီမာယေ ပေးပို့တဲ့သတင်းကို မသီဒါနွယ် ပြောပြပါမယ်။
ဒီသတင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေပါနိုင်တယ် ဆိုတာ ကြိုတင် အသိပေးပါရစေ။