ဆန္ဒပြမှုတွေကို အကြမ်းနည်းနဲ့ နှိမ်နင်းမှု စုံစမ်းစစ်ဆေးဖို့ ကုလ တောင်းဆို

ဗီဒီယို ပုံစာ, ဆန္ဒပြမှုတွေကို အကြမ်းနည်းနဲ့ နှိမ်နင်းမှု စုံစမ်းစစ်ဆေးဖို့ ကုလ တောင်းဆို

အီရန်နိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖိနှိပ်မှုတွေ ကြားကပဲ ဆန္ဒပြမှုတွေ တိုးလာနေပါတယ်။

ရဲတွေ ထိန်းသိမ်းထားစဉ် မာဆာ အမီနီ သေဆုံးခဲ့ရအပြီး သီတင်း ၆ ပတ်ကြာခဲ့ပြီးတဲ့ အခုချိန်အထိ လမ်းမပေါ်ထွက် ဆန္ဒပြနေကြ တုန်းဖြစ်ပါတယ်။

ဒီကနေ့ သောကြာနေ့ဝတ်ပြုပွဲအပြီး ဇဟီဒန်မြို့မှာ လူတွေစုဝေးဆန္ဒပြခဲ့ကြပြီး အစ္စလာမစ်အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။.

လုံခြုံရေးရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အီရန်မှာ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို အကြမ်းနည်းနဲ့ နှိမ်နင်းနေတာနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု တရပ် ပြုလုပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုခဲ့ချိန်မှာပဲ အခုလိုဖြစ်ခဲ့တာပါ။

လူ တစ်သောင်း ၃ ထောင်ကျော် အဖမ်းဆီးခံခဲ့ရပြီး ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၂၅၀ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့က ခန့်မှန်းထားပါတယ်။

ကိုမင်းထက်ပြောပြပါမယ်။