အီရန် ဆန္ဒပြမှု ကြွေးကြော်သံ

ဗီဒီယို ပုံစာ, အီရန် ဆန္ဒပြမှု ကြွေးကြော်သံ

အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ၄ပတ်ကြာ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဟီဂျပ်ခေါင်းဆောင်း မဝတ်လို့ ရဲက ဖမ်းဆီးထားတဲ့ အသက် ၂၂ အရွယ် မာရှာ အာမီနီ ထိန်းသိမ်းခံရစဉ်မှာ သေဆုံးသွားတာကို မကျေနပ်လို့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာပါ။

၁၉၇၉ ခုနှစ်က စပြီးအစ္စလမ်မစ် သမ္မတ နိုင်ငံကို တည်ထောင်ခဲ့တဲ့ အီရန် အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုလည်းဖြစ်ပါတယ်။ ဆန္ဒပြမှုတွေကို အစိုးရက အပြင်းအထန်နှိမ်နှင်းခဲ့တာကြောင့် လူ၂၀၀ကျော် သေဆုံးခဲ့ရပါတယ်။

ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာကလည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။

လောလောဆယ် အီရန်နိုင်ငံနေရာအတော်များများမှာ လုံခြုံရေးတင်းကျပ် ထားပေမယ့် ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ လွတ်လပ်ခွင့်အတွက် တောင်းဆိုမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အမျိုးသမီး၊ ဘဝ နဲ့ လွတ်လပ်ခွင့် ဆိုပြီး ကြွေးကြော်ကြပါတယ်။ သူတို့ရဲ့ ကြွေးကြော်သံတွေကိုလည်း ကမ္ဘာတဝန်းက လူတွေက ထောက်ခံမှုတွေ ပေးနေကြပါတယ်။ ဒီအကြောင်း ကိုသိမ်းမြတ်က ပြောပြပေးမှာပါ။