အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို ဂါရဝပြုသူများပြား

ဗီဒီယို ပုံစာ, အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို ဂါရဝပြုသူများပြား

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို အများပြည်သူ လာရောက် ဂါရဝပြုဖို့ ဒုတိယမြောက်နေ့ အဖြစ် ဝက်စ်မင်စတာ ခန်းမကြီးမှာ ထားရှိထားရာမှာ လူအများအပြား လာရောက် တန်းစီနေခဲ့ကြတဲ့ အတွက် ဝင်ရောက် ဂါရဝပြုမှုကို ခဏတာ ရပ်နားခဲ့ရပါတယ်။

ယူကေစံတော်ချိန် ညနေ ၄နာရီ အထိ ဝင်ရောက်ခွင့်ပိတ်ထားမှာ ဖြစ်တယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။ အခုလောလောဆယ်မှာ ဝင်ရောက် ဂါရဝပြုဖို့ အတွက် ၅ မိုင်လောက်ရှိတဲ့ လူတန်းရှည်ကြီးဟာ တန်းစီ စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။ အဲဒီက အခြေအနေတွေကို ဘီဘီစီ သတင်းထောက် လူစီ မန်းနင်းက သတင်းပေးပို့ထားပါတယ်။ မစန္ဒာဝင်းက ပြောပြပေးမှာပါ။