ဘုရင်မကြီး သွားခဲ့ဖူးတဲ့ နိုင်ငံ ၁၀၀ ကျော်မှာ မလေးရှား ပါဝင်

ဗီဒီယို ပုံစာ, ဘုရင်မကြီး သွားခဲ့ဖူးတဲ့ နိုင်ငံ ၁၀၀ ကျော်မှာ မလေးရှား ပါဝင်

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး သွားရောက်ခဲ့ဖူးတဲ့ နိုင်ငံပေါင်း တစ်ရာကျော်ထဲမှာ ၁၉၅၇ ခုနှစ်က ဗြိတိန်နိုင်ငံကနေ လွတ်လပ်ရေး ရပြီးကတည်းက ဓနသဟာယ နိုင်ငံများ အဖွဲ့ဝင်ဖြစ်တဲ့ မလေးရှား နိုင်ငံလည်း ပါဝင်ပါတယ်။

လွတ်လပ်ရေးရပြီးချိန်မှာ ဗြိတိန်ရဲ့ စစ်ရေး၊ စီးပွားရေး အကူအညီလိုအပ်ခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။

ဒါပေမဲ့မကြာသေးခင် နှစ်တွေ အတွင်း မလေးရှားက တခြားအာရှနိုင်ငံတွေနဲ့ ခိုင်မာတဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေရှိလာပြီး နှစ်နိုင်ဆက်ဆံရေး ကျဆင်းသွားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ဘုရင်မကြီးကို ဘယ်လို အမှတ်ရနေကြပါသလဲ၊ ကိုမိုးမြင့် ပြောပြပေးပါမယ်။