သေဒဏ်စီရင်မှု ထောက်ခံပြီး NUG ကို ရှုတ်ချတဲ့ ဆန္ဒပြပွဲ ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးဆောင်
သေဒဏ်စီရင်မှုကိုထောက်ခံပြီး NUG ကို ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီ အမတ်ဟောင်း ဦးလှဆွေ ဦးဆောင်ပြီး စစ်ကောင်စီ ထောက်ခံသူတွေနဲ့အတူ ဒီကနေ့မနက်၊ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
တဖက်မှာလည်း စစ်ကောင်စီရဲ့ သေဒဏ်ချမှတ် ခံထားရသူတွေအတွက် မိသားစုတွေဘက်က ပိုစိုးရိမ်နေကြရပြီး အသနားခံစာတင်တာတွေဆက်တိုက်လုပ် ဆောင်လာကြတယ်လို့ ရှေ့နေအသိုင်းအဝိုင်းကဆိုပါတယ်။
မနှင်းမိုကစုစည်း ပြောပါမယ်။