တရားစွဲခံရသူတွေထဲမှာ နေပြည်တော် မြို့တော်ဝန်နဲ့ ဒုတိယမြို့တော်ဝန် တို့ပါဝင်
ကိုဗစ်နိုင်တင်း တတိယလှိုင်းကူးစက်မှတွေကြောင့် စာသင်ကျောင်းတွေ ရုံးတွေ ပိတ်ထားတဲ့အတွက် တရားရုံးတွေလည်းပိတ်၊ ရုံးထုတ်စစ်ဆေးတဲ့ လုပ်ငန်းတွေ ရပ်ထားပေမဲ့ ဖမ်းဆီးခံထားရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို အမှုတွေ အမျိုးမျိုးထပ်တပ်ပြီး တရားစွဲတာတွေ ရှိနေပါတယ်။
နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး အပါအဝင် လေးယောက်ကို အဂတိလိုက်စားမှုနဲ့ တရားစွဲ အမှုဖွင့်တာ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအချက်တွေကို အခြေခံပြီး တရားစွဲတာပါလဲ။ မနှင်းမိုက ပြောပြပေးပါမယ်။