ကျောက်ဖြစ် ရုပ်ကြွင်း သစ်ပင်ကြီးကို ဂရိ သိပ္ပံ ပညာရှင်တွေ တွေ့ရှိ
အခုချိန်ထိ ရှင်သန်နေတဲ့ ကမ္ဘာ့ အသက်အကြီးဆုံး သစ်ပင်ကြီးက နှစ်ပေါင်း ငါးထောင် ဝန်းကျင် သက်တမ်း ရှိပါပြီ။
ဂရိစ် နိုင်ငံက သိပ္ပံ ပညာရှင်တွေက နှစ်သန်းပေါင်း ၂၀ က သစ်ပင်ကြီးရဲ့ အမြစ်တွေ၊ အကိုင်းတွေ အားလုံး ပါတဲ့ ကျောက်ဖြစ် ရုပ်ကြွင်း သစ်ပင်ကြီး တစ်ပင်ကို တွေ့ခဲ့ကြပါတယ်။
လက်စ်ဘော့စ် ကျွန်း ပေါ်မှာ သူတို့ တွေ့ခဲ့တာဖြစ်ပြီး ဒီတွေ့ရှိမှုကြောင့် အပူလျော့ပိုင်း ဒေသက သစ်တောတွေရဲ့ ဂေဟစနစ် ဆိုင်ရာလျှို့ဝှက်ချက်တွေကို သိနားလည်လာနိုင်ဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
Mark Lobel ရဲ့ သတင်းလွှာကို ကိုသိမ်းမြတ်က ပြောပြပေးပါမယ်။