အပျိုစင် ဟုတ်မဟုတ် စမ်းသပ်မှုတွေကို ကမ္ဘာ့ အဖွဲ့အစည်းတွေရှုတ်ချ
ဗြိတိန်နိုင်ငံက ပုဂ္ဂလိက ဆေးခန်းတွေမှာ အပျိုစင် ဟုတ်မဟုတ် သိပ္ပံနည်းကျ မဟုတ်တဲ့ နည်းနဲ့ စမ်းသပ်မှုတွေ လုပ်ဆောင် နေတာကို BBC Newsbeat နဲ့ 100 Women အစီအစဉ်က တွေ့ရှိခဲ့ပါတယ်။
ဒီစမ်းသပ်မှုကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့ ကုလသမဂ္ဂ လို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက ရှုတ်ချကြပြီး ဒါကို တားမြစ်စေချင်ကြပါတယ်။
အမျိုးသမီးတစ်ယောက်က အပျိုစင် ဟုတ်မဟုတ်ဆိုတာ စမ်းသပ်စစ်ဆေးမှု လုပ်ပြီး အတည်ပြုလို့ မရနိုင်ဘူး၊
ဒါဟာ သူတို့ကိုယ်တိုင် အခွင့်အရေးချိုးဖောက် ခံရအောင်လုပ်တဲ့ ပုံစံမျိုးဖြစ်နိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ဘီဘီစီသတင်းထောက် Rachel Stonehouse ရဲ့ သတင်းကို မသီဒါနွယ် ပြောပြပေးပါမယ်။