မာရာဒိုနာကို နောက်ဆုံးဂါရဝ ပြုဖို့ လူအများ တန်းစီစောင့်ဆိုင်းနေ

ဗီဒီယို ပုံစာ, မာရာဒိုနာကို နောက်ဆုံးဂါရဝ ပြုဖို့ လူအများ တန်းစီစောင့်ဆိုင်းနေ

ကွယ်လွန်သွားခဲ့တဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကျော်အမော် ဂန္ထဝင်ဘောလုံး သမားကြီး ဒီယေးဂိုး မာရာဒိုနာရဲ့ ရုပ်ကလပ်ထားရှိမယ့် အာဂျင်တီးနားနိုင်ငံ ဘွေနော့စ်အားရီးစ်က သမ္မတ အိမ်တော်မှာ လူတွေသောင်းနဲ့ချီပြီး တန်းစီစောင့်ဆိုင်း နေကြပါတယ်။

သူ့ရုပ်အလောင်းကို ဘေးက ဖြတ်ပြီးသယ်ဆောင်သွားချိန်မှာ တချို့က ငိုကြွေးကြ၊ တချို့ကတော့ အဝေးကနေ အနမ်းတွေပို့ကြနဲ့ပါ။

နိုင်ငံက လေးစားချစ်မြတ်နိုးတဲ့ ဘောလုံးသမားကြီးကို လွမ်းဆွတ်နေကြတဲ့ အာဂျင်တီးနားနိုင်ငံသားတွေ နောက်ဆုံးအနေနဲ့ နှုတ်ဆက် ဂါရဝပြုဖို့ လူတွေအများကြီးကြား တန်းစီစောင့်ဆိုင်းနေတဲ့ အခြေအနေကို ကိုကျော်ဇေယျ ပြောပြပေးပါမယ်။