အိန္ဒိယမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအကြောင်း မကြာခဏကြားရ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ ဖြစ်တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က စပြီး ၁၆ ရက်တာ လှုပ်ရှားမှုကို ကမ္ဘာတဝန်း ပြုလုပ်နေပါတယ်။
အမျိုးသမီးတွေကို ရက်ရက်စက်စက် အကြမ်းဖက် တိုက်ခိုက်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ကြားရတတ်တဲ့ နိုင်ငံတစ်နိုင်ငံကတော့ အိန္ဒိယပါ။
၂၀၁၂ ခုနှစ်က ဒေလီမြို့တော်မှာ ဖြစ်ခဲ့တဲ့ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်မှုဖြစ်ရပ်နောက်ပိုင်း အစိုးရက ပိုတင်းကျပ်တဲ့ ဥပဒေ၊ ပိုပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လုပ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဒါတွေကရော ထိရောက်ပါရဲ့လား၊
ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀ အထူးအစီအစဉ် တစိတ်တပိုင်းအဖြစ် အိန္ဒိယက အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ သူတို့ မိသားစုတွေကို ဘီဘီစီသတင်းထောက် ဒီဗီယာအာယာက တွေ့ဆုံမေးမြန်းထားပါတယ်။
မသီဒါနွယ်ပြောပြပေးပါမယ်။