သောကြာဂြိုဟ်ပေါ်မှာ သက်ရှိ ရှိကောင်းရှိနိုင်တယ်ဆိုတဲ့ အထောက်အထားသစ်တွေ့
ဗီးနပ်စ် သောကြာဂြိုဟ်ပေါ်မှာ သက်ရှိ ရှိကောင်းရှိနိုင်တယ်ဆိုတဲ့ အထောက်အထားသစ် တခု တွေ့လာရပြီလို့ ကမ္ဘာ့ နက္ခတ္တ ဗေဒ ပညာရှင်များ အသင်းက ပြောပါတယ်။
သောကြာဂြိုဟ်ရဲ့ လေထုထဲမှာ ဓာတ်ငွေ့တမျိုး ရှိနေတာ သူတို့ တွေ့ခဲ့ရပြီး အဲဒီဓာတ်ငွေ့က microbes လို့ခေါ်တဲ့ သေးငယ်တဲ့ ပိုးမွှားလေးတွေကနေ ထွက်လာတဲ့ ဓာတ်ငွေ့ ဖြစ်နိုင်ခြေရှိတယ်လို့ သူတို့ ယူဆကြပါတယ်။
အဲဒီ ဓာတ်ငွေ့ရှိနေရတဲ့ နောက်ထပ် အကြောင်းတွေလည်း ရှိနိုင်ပါသေးတယ်။
လောလောဆယ်မှာတော့ သောကြာဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိနေနိုင်တယ် ဆိုတာ လက်ခံရနိုင်တဲ့ အထောက်အထားတော့ တွေ့လာရပါပြီ။ ကိုမင်းထက် ပြောပြပေးပါမယ်။