လက်ထိပ်ဖောက် သွေးစစ်တဲ့ အဖြေက ကင်ဆာရောဂါသည်တွေကို ဘာအကျိုးဖြစ်မလဲ
ကီမိုသရပီ နည်းနဲ့ ကုသမှု ခံယူနေကြရတဲ့ ကင်ဆာရောဂါသည်တွေဟာ မလိုအပ်ဘဲ ပဋိဇီဝ ဆေးပြင်းတွေနဲ့ ကုသမှုခံယူဖို့ နှစ်စဉ်နှစ်တိုင်း ထောင်နဲ့ချီပြီး ဆေးရုံတွေကို သွားကြပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်ခံအား စနစ်များ ပြဿနာဖြစ်လာလေမလားဆိုပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးရုံတွေသွား စမ်းသပ်ကြတာပါ။
အခုတော့ ကိမ်းဘရစ်ချ် တက္ကသိုလ်က ကင်ဆာရောဂါကု ဆရာဝန် တစ်ယောက်က ကင်ဆာဝေဒနာရှင်တွေ မလိုအပ်ဘဲ ဆေးရုံတွေဆီ မသွားကြရဘဲ အသက်ဆုံးရှုံးမှုလည်း မရှိရအောင် အိုးမကွာအိမ်မကွာ လက်ဖျားလေးကို အပ်နဲ့ဖောက်ပြီး သွေးစစ်တဲ့ နည်းနဲ့ အဖြေရှာနိုင်မယ့် နည်းလမ်းကို ကြိုးပမ်းနေပါတယ်။
ကိုဇေယျာ ပြောပြပေးပါမယ်။