ဗြိတိန်ရဲ့ ဘရက်ဇစ် အနာဂတ် ဘာဖြစ်မလဲ

ဗီဒီယို ပုံစာ, ဗြိတိန်ရဲ့ ဘရက်ဇစ် အနာဂတ် ဘာဖြစ်မလဲ

ဗြိတိန် ဥရောပ သမဂ္ဂက ထွက်မယ့် ကိစ္စကို နှစ်နဲ့ ချီပြီး ဆွေးနွေးခဲ့ကြတဲ့ နောက်မှာ အခုတော့ တကယ် အထမြောက်ပြီ ဖြစ်ပါတယ်။ ဒီနေ့ည ဘရပ်ဆဲလ် ညသန်းခေါင် လန်ဒန်အချိန် ည ၁၁ နာရီဆို ဗြိတိန်ဟာ အီးယူကနေ တကယ် ထွက်ပါပြီ။ လန်ဒန်အချိန် ဇန်နဝါရီ ၃၁ ရက် ဒါဟာ တကယ့် သမိုင်းဝင်မယ့် နေ့တနေ့လည်း ဖြစ်လာမှာပါ။ တဘက်မှာလည်း ဒီလို ထွက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရှေ့ခရီးမှာ ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတာတွေကိုလည်း စပြီး ဆွေးနွေး ကြရတော့မှာ ဖြစ်ပါတယ်။ အခုသတင်းမှာ ဖလက်ရှ်သုံးထားတဲ့ ဓာတ်ပုံ ရိုက်ချက်တွေ ပါနိုင်ကြောင်း ကြိုတင်အသိပေးပါတယ်။ ကိုမိုးမြင့်က ဆက်ပြောပြပါလိမ့်မယ်။