အမေရိကန်ရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို အီရန်ပယ်ချ

ဗီဒီယို ပုံစာ, အမေရိကန်ရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို အီရန်ပယ်ချ

အီရန်နဲ့ အမေရိကန် အကြား မကြာသေးခင်က အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာ အမေရိကန်ဘက်က ဘာကြိုတင်ကန့်သတ်ချက်မှ မထားဘဲ ကျကျနန တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာတာကို အီရန်ကဘက်က ပယ်ချလိုက်ပါတယ်။

မကြာသေးခင်က အီရန်ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တဦးဖြစ်တဲ့ ကာဆမ် ဆူလေမာနီ လုပ်ကြံခံခဲ့ရသလို ပိတ်ဆို့အရေးယူမှုတွေလည်း ရှိနေစဉ်မှာ အခုလို ပြောလာတာကို ယုံတောင် မယုံနိုင်ဘူးလို့ တဟီရန်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းကလည်း အီရတ်ရဲ့ ဘဂ္ဂဒက် မြို့တော်တွင်းက နိုင်ငံခြား သံရုံး တွေ အများကြီး ရှိတဲ့ အစိမ်းရောင် ဇုန်ထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ် ခံခဲ့ရပါတယ်။ ဒါပေမယ့် အပျက်အစီး ကြီးကြီးမားမား မရှိဘူးလို့ သိရပါတယ်။

ကိုထွေးက ပြောပြမှာပါ။

ကိုထွေးက ပြောပြမှာပါ။