ဗိုလ်ချုပ် ကာဆမ် ဆူလေမာနီရဲ့ စျာပနာမှာ လူအများအပြား လာရောက်ကြလို့ လူနင်းမှုတွေ ဖြစ်
အီရန်မှာတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ သူတို့ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ် တဦးဖြစ်တဲ့ ကာဆမ် ဆူလေမာနီရဲ့ စျာပနကို ဝမ်းနည်းကြေကွဲခြင်းကာလ ၃ ရက် အပြီးမှာ ကျင်းပခဲ့ရာမှာ လူအများအပြား လာရောက်ကြလို့ အချိန်နှောင့်နှေးမှုတွေနဲ့ပါ ကြုံခဲ့ရပါတယ်။ လူသိန်းနီ့ချီပြီး တက်ရောက်ခဲ့ကြသလို အီရန်မီဒီယာမှာလည်း လူနင်းမှုတွေ ဖြစ်ခဲ့လို့ လူ ၅၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုကြပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ကလည်း အီရတ်ဆီက သတင်း သိုးသိုးသန့်သန့် ထွက်လာသလို အီရတ်ထဲက သူတို့တပ်ဖွဲ့တွေ ဆုတ်ခွာနေကြတယ်ဆိုတာ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။