အီရန်ဗိုလ်ချုပ်ကြီး စျာပန လူထောင်သောင်းချီ လိုက်ပါပို့ဆောင်

ဗီဒီယို ပုံစာ, အီရန်ဗိုလ်ချုပ်ကြီး စျာပန လူထောင်သောင်းချီ လိုက်ပါပို့ဆောင်

ဇန်နဝါရီလ ၃ ရက်နေ့က အမေရိကန်ဘက်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန် ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီးရဲ့ စျာပနာကို အီရန်နိုင်ငံ တဟီရန်မြို့က လမ်းမတွေပေါ်မှာ လူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး ဆူလေမာနီးကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားခဲ့တာပါ။

အမေရိကန်နိုင်ငံသားတွေ သေဆုံးမှုအတွက် ပြန်လည် လက်တုံ့ပြန်ဖို့ အီရန်ရဲ့ ယဉ်ကျေးမှု အဆောက်အအုံတွေကို တိုက်ခိုက်သွားဖို့ အသင့်ပဲလို့လည်း သမ္မတ ထရမ့်က ထပ်မံခြိမ်းခြောက်လိုက်ပါတယ်။

အီရန်ဘက်ကလည်း နျူးကလီးယား သဘောတူစာချုပ်ကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။

နှစ်ဖက် တင်းမာမှုတွေက ပေါက်ကွဲလုနီးပါး အခြေအနေကို ရောက်နေပါပြီ။

ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုမင်းထက်က ပြောပြပေးမှာပါ။