အမေရိကန် ဒီမိုကရေစီကို ပြောင်ပြောင်တင်းတင်း စစ်ကြေညာတာလို့ သမ္မတ ထရမ့် စွပ်စွဲ
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ကို စွပ်စွဲ ပြစ်တင်ဖို့ ကြိုးပမ်းနေတာဟာ ဒီမိုကရက်တွေက အမေရိကန် ဒီမိုကရေစီကို ပြောင်ပြောင်တင်းတင်း စစ်ကြေညာတာလို့ စွပ်စွဲလိုက်ပါတယ်။
ဒီမိုကရက်တွေလွှမ်းမိုးတဲ့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုမတိုင်ခင် ဒီမိုကရက်ပါတီ ထိပ်တန်းခေါင်းဆောင် နန်စီပလိုစီကို ရေးသားပေးပို့တဲ့ ခြောက်မျက်နှာပါ စာထဲမှာ ပြောထားတာဖြစ်ပါတယ်။
ဒီမိုကရက် အများစု ရှိတဲ့ အောက်လွှတ်တော်မှာ သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ရေး ဒီကနေ့ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပေမဲ့ ရီပတ်ဘလစ်ကန်တွေ လွှမ်းမိုးတဲ့ ဆီးနိတ် အထက်လွှတ်တော်က ထောက်ခံမှသာ သမ္မတထရမ့်ကို ရာထူးက ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
ဒါကလည်း ဖြစ်နိုင်ခြေတော့ သိပ်မရှိလှပါဘူး။
ကိုသိမ်းမြတ် စုစည်း ပြောပြပေးပါမယ်။