ဂရိ နိုင်ငံ လက်ဇ်ဘော့စ် ကျွန်းက ဒုက္ခသည်ကလေးငယ်တွေကြားမှာ သေကြောင်းကြံစည်မှု များလာ
ဂရိ နိုင်ငံ လက်ဇ်ဘော့စ် ကျွန်းက ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေထဲမှာ ကိုယ့်ကိုကိုယ် ထိခိုက်နာကျင်အောင်လုပ်တဲ့ ကလေးတွေ၊ သေကြောင်းကြံစည်ကြတဲ့ ကလေးတွေ ပိုများလာနေတယ်လို့ သူတို့အတွက် အလုပ်လုပ်နေတဲ့ စိတ်ရောဂါ ပညာရှင်တွေက ဘီဘီစီကို ပြောပါတယ်။
သူတို့ နိုင်ငံတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် အများအပြား ပြီးခဲ့တဲ့ လတွေအတွင်း အီဂျီးယန် ကျွန်းတွေဆီ ဝင်ရောက်လာခဲ့ပါတယ်။
လူနှစ်ထောင်သာနေရမယ့် လက်ဇ်ဘော့စ် ကျွန်းပေါ်က မော်ရီးကား စခန်းမှာ ဒုက္ခသည် တစ်သောင်း ရှစ်ထောင် နေထိုင်နေပါတယ်။
ဘီဘီစီ သတင်းထောက် ကျူးလစ်ပ် မာဇွမ်ဒါ သတင်းပေးပို့ချက်ကို မသီဒါနွယ် ပြန်ပြောပြပါမယ်။ စိတ်မကောင်းစရာ စိတ်မသက်သာစရာမြင်ကွင်း တချို့ ပါနိုင်တယ် ဆိုတာကိုလည်း ကြိုတင် အသိပေးထားပါရစေ။