အိန္ဒိယမှာ နိုင်ငံသား ဖြစ်ခွင့် ဥပဒေနဲ့ ပတ်သက်လို့ နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဆန္ဒပြ

ဗီဒီယို ပုံစာ, အိန္ဒိယမှာ နိုင်ငံသား ဖြစ်ခွင့် ဥပဒေနဲ့ ပတ်သက်လို့ နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဆန္ဒပြ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံ ပြည်နယ်ထဲမှာ အိန္ဒိယရဲ့ နိုင်ငံသား ဖြစ်ခွင့် ဥပဒေကြမ်းနဲ့ ပတ်သက်လို့ မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ ထပ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ဥပဒေကြမ်းအရ နိုင်ငံသား လျှောက်ထားသူတွေထဲက မွတ်စလင် မဟုတ်သူတွေကို မြန်မြန် စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။ အတိုက်အခံတွေဘက်က ဒါဟာ အာဏာရ ဟိန္ဒူ အမျိုးသားရေး ဘီဂျေပီ ပါတီက မွတ်စလင် သန်း ၂၀၀ လောက်ကို ခွဲခြားဆက်ဆံတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။ အစိုးရဘက်ကတော့ ဘာမှ ခွဲခြးဆက်ဆံမှု မရှိဘူးဆို ငြင်းပါတယ်။

မသီရိဇော်က ပြောပြမှာပါ။