ယူကေ ရွေးကောက်ပွဲကြီး အတွက် ဘယ်လို ပြင်ဆင်နေကြပြီလဲ

ဗီဒီယို ပုံစာ, ယူကေ ရွေးကောက်ပွဲကြီး အတွက် ဘယ်လို ပြင်ဆင်နေကြပြီလဲ

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ယူကေမှာ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အဓိက လွှမ်းမိုးနေတဲ့ အကြောင်းအရာကတော့ ပြီးခဲ့တဲ့ ၂၀၁၆ က ယူကေ အီးယူက ထွက်ဖို့ ဆန္ဒခံယူပွဲနဲ့ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စကြီး ပဲ ဖြစ်ပါတယ်။ ၂၀၁၆ ကတည်းက ဆုံးဖြတ်ခဲ့ကြပေမယ့် အခုထက်ထိ ပြီးပြတ်အောင် မလုပ်နိုင်သေးပါဘူး။ အဲဒီ ကိစ္စအပြင် တခြား ကိစ္စရပ်တွေကလည်း ရှိနေပြန်ပါတယ်။ ဆိုတော့ ဒီရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဝန်ကြီးချုပ်ရော သူ့ပြိုင်ဘက်တွေရော ဘယ်လို ပြင်ဆင်နေကြပြီလဲ။ မသီဒါနွယ်က ပြောပြမှာပါ။