ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခအဆုံးသတ်စေရေး ယူကရိန်းနဲ့ ရုရှားခေါင်းဆောင် နှစ်ဦးဆွေးနွေးပွ
ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခတွေကို အဆုံးသတ်စေရေး ရည်ရွယ်ပြီး သုံးနှစ်အတွင်း ပထမဆုံး အကြိမ် ရုရှားနဲ့ ယူကရိန်း အဆင့်မြင့်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြပါတော့မယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇီလန်းစကီးက ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်တို့ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှာပါ။
၂၀၁၄ ခုနှစ် မတ်လတုန်းက ခရိုင်းမီးယားဒေသကို ရုရှားက ဖဲ့ယူသွားခဲ့ပြီးနောက် ပဋိပက္ခ ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် ရုရှားကိုထောက်ခံတဲ့ သူပုန်တွေက ယူကရိန်းအရှေ့ပိုင်းဒေသကို သိမ်းယူခဲ့ရာမှာ အစိုးရ တပ်ဖွဲ့တွေနဲ့ ခါးသီးတဲ့ ပဋိပက္ခတွေ ဖြစ်လာခဲ့ပါတယ်။
ကိုထွေးက ပြောပြပါမယ်။