သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ရေး ဆက်လုပ်သွားမယ်လို့ ဒီမိုကရက်တွေပြော

ဗီဒီယို ပုံစာ, သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ရေး ဆက်လုပ်သွားမယ်လို့ ဒီမိုကရက်တွေပြော

အမေရိကန် ပြည်ထောင်စုမှာတော့ သမ္မတ ဒေါ်နယ် ထရမ့်ကို စွပ်စွဲပြစ်တင်မယ့် ကိစ္စကို ဆက်လုပ်သွားမယ်လို့ အောက်လွှတ်တော်က ဒီမိုကရက် တွေဘက်က ကြေညာခဲ့တဲ့ နောက်မှာ သမ္မတထရမ့်ကလည်း ပြန်လည် တုံ့ပြန်လိုက်ပါတယ်။ မစ္စတာ ထရမ့်က ရီပတ်ပလစ်ကန်တွေ လွှမ်းမိုးထားတဲ့ ဆီးနိတ် အထက်လွှတ်တော်မှာဆို သူအနိုင်ရမယ်လို့ ပြောခဲ့ပါတယ်။ ဒီမိုကရက် ခေါင်းဆောင် တဦးဖြစ်တဲ့ နန်စီ ပလိုစီက သူ့ ပါတီဘက်က ဒီကိစ္စကို ဆက်လုပ်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။ ကိုထွေးက ပြောပြမှာပါ။