မြောက်ကိုရီယား သာမန်လူတွေရဲ့ ဘဝအကြောင်း
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ ဟာ ကြာသာပတေးနေ့မှာ မြောက်ကိုရီးယား ကို သွားရောက်ဖို့ ရှိနေပါတယ်။
နောက်ပြီး မြောက်ကိုရီးယား ထိပ်ပိုင်းခေါင်းဆောင် ကင်ယန်ချိုး ဟာလည်း နှစ်နိုင်ငံကြား သံတမန်ရေးနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပေယိုနဲ့ ဆွေးနွေးဖို့ အမေရိကန် ပြည်ထောင်စုကို သွားရောက်နေပါတယ်။
တစ်ဖက်မှာလည်း မြောက်ကိုရီးယား နိုင်ငံမှာ ဘာတွေ ဖြစ်နေလဲဆိုတာ မှတ်တမ်း ယူဖို့ ခက်ခဲပါတယ် ။
ဒါပေမယ့် ဘီဘီစီက လပေါင်း များစွာ လျှို့ဝှက် သတင်းယူပြီး မြောက်ကိုရီးယား နိုင်ငံသားတွေရဲ့ ဘဝအကြောင်း မေးမြန်းခွင့် ရခဲ့ပါတယ်။
အပြည့်အစုံကိုတော့ ကိုအောင်သွင်က ပြောပြပေးမှာပါ။