ငြိမ်းချမ်းရေးညီလာခံ ရလဒ် အကျိုးရှိရင် NLD ဆက်သုံးမယ်

UPDJC က ဒေါ်အောင်ဆန်းစုကြည် ကို ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, UPDJC က ဒေါ်အောင်ဆန်းစုကြည် ကို ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့

မနက်ဖန် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင် ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေဟာ လက်တွေ့ အသုံးချ နိုင်တဲ့ အကျိုးရှိမယ့် ရလဒ်တွေဆိုရင် ဆက်လက် အကောင် အထည် ဖော်သွားမယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒါပေမယ့် အဲဒီလို မဟုတ်ရင်တော့ မကြာခင် တက်မယ့် NLD အစိုးရသစ် လက်ထက်ကျရင် ပြန်လည် ပြုပြင်သွားမယ်လို့ NLD ဗဟို အလုပ် အမှူဆောင် ဦးထွန်းထွန်းဟိန် က ဘီဘီစီကို ပြောပါတယ်။

ကနဉီး တုန်းက ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် က မတက်ဖို့ ဆုံးUPDJC က ဒေါ်အောင်ဆန်းစုကြည် ကို ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး ငြိမ်းချမ်းရေးက အရေးကြီးတာကြောင့် တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မနက်ဖြန်ကျင်းမယ့် ငြိမ်းချမ်းရေး ညီလာခံဟာ တိုင်းရင်းသား လက်ကိုင် အဖွဲ့ ၈ ဖွဲ့ နဲ့ အပစ်ရပ် လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံးကျင်းပတဲ့ ညီလာခံ ဖြစ်ပါတယ်။

ဒီညီလာခံကို သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လည်း အဖွင့် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

NCA အပစ်ရပ် စာချုပ်မှာ လက်မှတ် မရေး ထိုး ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေကတော့ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။