လုံခြုံရေး တပ်ဖွဲ့များ ဥပဒေနဲ့ အညီ ဆောင်ရွက်ခဲ့ဟု အကောင်အထည်ဖော်ရေး ကော်မတီကဆို

လက်ပံတောင်း ပဋိပက္ခတွင် တောင်သူတဉီးသေဆုံးခဲ့
ဓာတ်ပုံ ပုံစာ, လက်ပံတောင်း ပဋိပက္ခတွင် တောင်သူတဉီးသေဆုံးခဲ့

လက်ပံတောင်းမှာ ဖြစ်ပွားတဲ့ ဒေါ်ခင်ဝင်သေဆုံးခဲ့ရပြီး တောင်သူ ၉ ဦးဒဏ်ရာရခဲ့တဲ့ ပဋိပက္ခဟာ ပြင်ပအဖွဲ့အစည်းတွေနဲ့ ကွန်ယက်အဖွဲ့တွေရဲ့ သွေးထိုးလှုံ့ဆော်ကို ဒေသခံတွေက နားယောင်ပြီး အကြမ်းဖက်ခဲ့ကြလို့ ဖြစ်ရတာလို့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီက ပြောလိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီက မနေ့က ဇန္နဝါရီလ ၅ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်တရပ်ထုတ်ပြန်ရာမှာ အဲသလို ဖော်ပြခဲ့တာဖြစ်ပါတယ်။

လျော်ကြေးပေးငွေတွေကို ဒေသခံတွေအားလုံးထုတ်ယူကြပြီးဖြစ်တယ်လို့လည်း အဲဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေးကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အစီရင်ခံစာပါ အကြံပြုချက်တွေကို ကော်မတီက မလိုက်နာလို့ အခုလို လူသေဆုံးတဲ့အထိကြီးကျယ်တဲ့ ပဋိပက္ခတွေဖြစ်ခဲ့ရတာလို့ ဝေဖန်ထားခဲ့ပါတယ်။