PR စနစ် ကို လွှတ်တော်တင်သွင်းမှု ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, AFP
PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြု မဲစနစ်ကို လွှတ်တော်ထဲ တင်သွင်းလာတာကို ကန့်ကွက်တဲ့ အနေနဲ့ ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက် က ဦးဆောင် ပြီး လူပေါင်း ၁၅၀ ကျော် လောက် အင်္ဂါနေ့က ရန်ကုန်မြို့လယ် ကို ပတ်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ ကြပါတယ်။
ဒီဆန္ဒဖော်ထုတ်မှုဟာ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ PR စနစ်နဲ့ ပတ်သက်လို့ ရန်ကုန်မြို့လယ်မှာ တရားဝင် ခွင့်ပြုချက်နဲ့ ပထမဆုံး စီတန်း ဆန္ဒပြ ကြတာလည်း ဖြစ်ပါတယ်။
ဆန္ဒပြသူတွေထဲမှာ အမျိုးသမီး အများစု ပါဝင်ကြသလို လူငယ်တွေနဲ့ နိုင်ငံရေး နယ်ပယ်က လူတွေလည်း ပါဝင်ကြပါတယ်။
PR စနစ် ဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အဟန့်အတား ဖြစ်နေတာကြောင့် ပြည်သူတွေရဲ့ သဘောထားကို လွှတ်တော် သိအောင် ဖော်ထုတ်တာလို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်က ဦးစိုးတင်ညွန့်က ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လုပ်နေတဲ့ အချိန်မှာပဲ အမျိုးသား လွှတ်တော် မှာ PR စနစ်ကို သုံးဖို့ သဘောတူလိုက်ပြီး ဘယ်လို ဒီဇိုင်း ဆိုတာ စဉ်းစားနေသလို ဒီစနစ် အကောင်အထည် ဖော်သင့် မသင့် ပြည်သူ့လွှတ်တော်မှာ ကော်မီတီ ဖွဲ့ပြီး ဆွေးနွေးမဲ့ အခြေအနေ ရှိပါတယ်။




