ဂျပန်က မြန်မာကို ယန်းငွေ သန်း ၆ ထောင်ကူညီမယ်

ဂျပန်အစိုးရက မြန်မာနိုင်ငံကို ဂျပန်ယန်းငွေ သန်းပေါင်း ၆ဝဝဝ အကူအညီပေးရေး အတွက် ကြာသပတေးနေ့က နှစ်ဘက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။
အာဆီယံ နိုင်ငံတွေနဲ့ ချိတ်ဆက်မယ့် အခွန် ကောက်ခံတဲ့ စနစ်၊ ကျန်းမာရေးနဲ့ပညာရေးအတွက် အကူအညီ ဖြစ်တယ်လို့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးချယ်က ပြောပါတယ်။
မြန်မာ စိုးရဘက်က စီမံစီးပွား ဝန်ကြီးဌာနက ဒုတိယ ဝန်ကြီးဒေါ်လဲ့လဲ့သိန်းနဲ့ ဂျပန်နိုင်ငံ အစိုးရကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး ယာယီတာဝန်ခံ မစ္စတာ အိချိရို မာရူယာမား Mr Ichiro Maruyama တို့ လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်
အဲဒီ အထဲမှာ အာဆီယံ နိုင်ငံ တွေနဲ့ ချိတ်ဆက်မယ့် အာဆီယံ Single Window အခွန် စနစ်၊ လားရှိုး အထွေထွေ ဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ လူ့စွမ်းအား အရင်း အမြစ် ပညာသင်ဆုတို့ အတွက် ဒေါ်လာ သန်း ၄၀ လောက်နဲ့ ညီမျှတဲ့ ယန်းသန်း ၄ဝဝဝ နီးပါး ကူညီဖို့ ပါဝင် ပါတယ်။
ဒီအခွန် စနစ်ကြောင့် အခွန်ကောက်ယူ ရေးနဲ့ သက်ဆိုင်တဲ့ တခြားဌာနတွေမှာ ရှိတဲ့ အချက်အလက်တွေ ချိတ်ဆက်ထားခြင်းအားဖြင့် လုပ်ငန်း ဆောင်ရွက်မှုတွေ ပိုမြန်လာနိုင်တယ်လို့ အကောက်အခွန် ရှင်းလင်းရေးအသင်း ဥက္ကဌ ဦးမျိုးသန့်က ပြောပါတယ်။
အခု ဂျပန်အစိုးရက ပေးမယ့် အကူအညီ ယန်းငွေ သန်း ၆ဝဝဝ နီးပါနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန တွေနဲ့ ထပ်မံ လက်မှတ်ရေးထိုးပြီး အကောင်အထည် ဖေါ်သွားမယ်လို့ စီမံစီးပွား ဝန်ကြီးဌာနက ပြောပါတယ်။




