ဆေးလိပ်ရဲ့ ဆိုးကျိုး

ဆေးပေါ့လိပ်ဟာ စီးကရက်လိုပဲ လူကို ဒုက္ခ ပေးပါ တယ်
ဓာတ်ပုံ ပုံစာ, ဆေးပေါ့လိပ်ဟာ စီးကရက်လိုပဲ လူကို ဒုက္ခ ပေးပါ တယ်

မေလ (၃၁) ရက် နေ့ဟာ ကမ္ဘာ့ ဆေးလိပ် မသောက်ရေးနေ့ ဖြစ်ပါတယ်။

ဆေးလိပ် မသောက်ရေးဟာ ကမ္ဘာ့ လူသား အားလုံး အတွက် အရေးကြီး သလို မြန်မာနိုင်ငံသားတွေ အတွက်လည်း အမျိုးသား ကျန်းမာရေး ကိစ္စကြီး တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီကနေ့ လူငယ်တွေကြား ဆေးလိပ် အထူးသဖြင့် စီးကရက်ကို ပိုသောက်လာကြပါတယ်။

ကျေးလက်မှာတော့ အစဉ်အလာ ဆေးပေါ့လိပ်ကို သောက်နေကြဆဲပါ။

ဆေးပေါ့လိပ်ဟာ စီးကရက်လောက် ကျန်းမာရေးကို မထိခိုက်ဘူးလို့ အတော်များများက ယုံကြည်ကြပါတယ်။

ဒါဟာ မှန်ကန်သလား၊ ဆေးလိပ်ကြောင့် ဘယ်လို ကျန်းမာရေး အန္တရာယ် ဖြစ်စေနိုင်သလဲ။

စတာတွေကို အင်္ဂလန်နိုင်ငံက ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာစန်းမြင့်နဲ့ မေးမြန်းတင်ပြထားပါတယ်။