၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ အနာဂတ် အပိုင်းလေး
အပိုင်းလေး : တပ်မတော်ရဲ့ အခန်းကဏ္ဍ
မြန်မာ စစ်အစိုးရရဲ့ အခြေခံ ဥပဒေမှာ ထည့်သွင်း ရေးဆွဲထားတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အငြင်းပွား စရာ အများဆုံး အပိုင်း ဖြစ်နေပါတယ် ။
အနာဂတ် နိုင်ငံတော်ကို အုပ်ချုပ်တဲ့ နေရာမှာ စစ်တပ်ကို ဦးဆောင်မှု နေရာမှာ ထားမယ် ဆိုတာကို ဒီအခြေခံ ဥပဒေရဲ့ ပုဒ်မ ၆ (စ) မှာ အောက်ပါတိုင်း အတိအလင်း ဖော်ပြထားပါတယ် ။
-- နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်။
ဒီတော့ ဒီအခြေခံ ဥပဒေမှာ စစ်တပ်ကို ဘယ်လောက် အတိုင်းအတာ အထိ ဦးဆောင်ခွင့် ပေးထား ပါသလဲ ၊ မြန်မာနိုင်ငံရဲ့ အနာဂတ် အရေးမှာ ဘယ်လို သြဇာ သက်ရောက်စေမှာလည်း ဆိုတာကို
- ပျဉ်းမနားမြို့က ရှေ့နေ ဦးခင်မောင်ဇော်
- မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် (၂) တသီးပုဂ္ဂလ ကိုယ်စားလှယ် အငြိမ်းစား ဗိုလ်ကြီး ဦးတင်ထွန်းမောင်
- မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူး
- ဝါရင့် နိုင်ငံရေးသမား သခင်ချန်ထွန်း
တို့ ပါဝင် ဆွေးနွေး တင်ပြ ထားပါတယ်။
ဒေါ်သီဒါနွယ် စီစဉ်တင်ဆက်ထားတာပါ။