၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ အနာဂတ် အပိုင်းနှစ်
အပိုင်း နှစ် : နိုင်ငံသားများရဲ့ အခွင့်အရေး
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ ကိုယ့်ကို ဘယ်သူတွေက ဘယ်လိုပုံစံမျိုးနဲ့ အုပ်ချုပ်မယ် ၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ်၊ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့သားစဉ် မြေးဆက် အနာဂတ်ကို ပုံဖော်မယ့် စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ငန်းစဉ် တွေကို ဖေါ်ပြ ရေးဆွဲထားတာ ဖြစ်လို့ အထူးပဲ အရေးကြီးလှ ပါတယ် ။
၁၄ နှစ်ကြာအောင် ရေးဆွဲခဲ့ရတဲ့ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ
- ပြည်သူတွေ လက်တွေ့ ဘဝမှာ ဘယ်လောက် တိုးတက် ကောင်းမွန်လာအောင် ဆောင်ကျဉ်းပေးနိုင်မှာပါလဲ
- နိုင်ငံသားများရဲ့ အခြေခံ ရပိုင်ခွင့် တွေကို ဘယ်လောက် အာမခံချက် ပေးထားပါသလဲ
NLD ပါတီ ပြောခွင့်ရသူ အပါအဝင် ၊ NLD ပါတီကခွဲထွက်ပြီး အခြေခံဥပဒေ ရေးဆွဲရေး ဆိုင်ရာ အမျိုးသား ညီလာခံမှာ အစအဆုံး တက်ရောက်ခဲ့သူတဦးရဲ့ အမြင်တွေကို စုစည်း တင်ပြ ထားပါတယ်။
ဒေါ်သီဒါနွယ်က စုစည်းတင်ပြ ပေးထားပါတယ်။