၂ဝဝ၈ ဖွဲ့စည်းပုံ နဲ့ အနာဂတ် အပိုင်းသုံး

အပိုင်း သုံး : သမ္မတကို ရွေးချယ် တင်မြှောက်မှု

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၁၆) မှာ နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည် လို့ဆိုထားတာကြောင့် အဲဒီလို ပြဌာန်းချက်တွေဟာ အရင်က မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ သမ္မတတွေနဲ့ ဘယ်လို ကွာခြား ပါသလဲ၊ နောက်ပြီး သမ္မတဖြစ်မယ့် ပုဂ္ဂိုလ်တွေအတွက် ဘယ်လို အရည်အချင်း ကန့်သတ်ချက်တွေ ကို ဘာကြောင့် ပြဌာန်း ထားရပါသလဲ ဆိုတာ ဒီအစီအစဉ်မှာ တင်ပြ ဆွေးနွေး ထားပါတယ် ။

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ မူကြမ်း ပုဒ်မ (၆၀) မှာတော့ ရွေးချယ် တင်မြောက်ရေး အဖွဲ့နဲ့ သမ္မတကို ရွေးချယ် တင်မြောက်မယ်လို့ ဆိုထားပြန်တော့ သမ္မတရွေးချယ် တင်မြောက်ရေး အဖွဲ့ ဆိုတာ ဘယ်သူတွေနဲ့ ဖွဲ့ထားတာပါလဲ၊ လူထုက တိုက်ရိုက် ရွေးချယ်တဲ့ သမ္မတစနစ် မဟုတ်တဲ့ အတွက် ဒါဟာ မှန်ကန်တဲ့ သမ္မတစနစ်လို့ ပြောနိုင်မလား။

သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ သမ္မတ အပေါ် အပြန်အလှန် ထိန်းကြောင်းမှု ဆိုင်ရာ အချက်အလက် အယူအဆ အမျိုးမျိုးကို ဥပဒေပညာရှင်၊ သမိုင်းပညာရှင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်နဲ့ အမျိုးသား ညီလာခံကို အဆုံးအထိ တက်ခဲ့တဲ့ တောင်းတွင်းကြီး မြို့နယ် လွှတ်တော် ကိုယ်စားလှယ် တဦး တို့က အပြန်အလှန် သုံးသပ် ဆွေးနွေးထားကြပါတယ် ။

ဒေါ်သီဒါနွယ် စီစဉ်တင်ဆက်ထားတာပါ။