၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ အနာဂတ် အပိုင်းခြောက်

အပိုင်းခြောက် : ပြင်ဆင်ချက်

မြန်မာနိုင်ငံကို ဒီမိုကရေစီ အပြည့်အဝ ကျင့်သုံးတဲ့ ၊ လူ့အခွင့်အရေး တွေကို လေးစား လိုက်နာတဲ့ နိုင်ငံတော်အဖြစ် ပေါ်ထွန်း လာနိုင်ရေးအတွက် အခု နအဖ အစိုးရ ရေးဆွဲ ထားတဲ့ အခြေခံ ဥပဒေကို လက်ခံသင့်တယ် ၊ ပြီးမှ တဖြည်းဖြည်း ပြောင်းလဲယူမယ် ၊ အခု ရသလောက် ယူထား သင့်တယ် ဆိုတဲ့ ယူဆ နေသူတွေ ရှိပါတယ် ။

ဒီအယူအဆကို လက်ခံကြသူတွေ ရှိသလို တဖြည်းဖြည်း ပြင်ယူမယ် ဆိုတဲ့ အယူအဆဟာ စိတ်ကူး ယဉ်တာပဲလို့ မြင်ကြ သူတွေလည်း ရှိပါတယ် ။

ဒီတော့ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ တဖြည်းဖြည်း ပြင်ဆင်သွားနိုင်မယ့် အလားအလာ ဘယ်လောက် ရှိပါသလဲ၊ အနာဂါတ် ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တဆင့်ပြီး တဆင့် ပြောင်းလဲ သွားနိုင်အောင် တကယ်တန်း ရည်ရွယ် ရေးဆွဲ ထားတာလား ဆိုတာ ဒီနောက်ဆုံးပိုင်းမှာ ဆန်းစစ် လေ့လာ ထားပါတယ် ။

  • ENC (ခေါ်) တိုင်းရင်းသား လူမျိုးများကောင်စီ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆလိုင်းလျံမုန်း
  • မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဥပဒေပညာရှင် ဦးအောင်ထူး
  • မြန်မာ့အရေး သုံးသပ်သူ ဦးအောင်နိုင်ဦး

တို့က ဒီအစီအစဉ်မှာ ပါဝင် ဆွေးနွေးထား ထားကြပါတယ် ။

ဒေါ်သီဒါနွယ် စီစဉ်တင်ဆက်ထားပါတယ်။