ခွပ်ဒေါင်းတောင်ပံ ခတ်သံများ

အပိုင်း ၃

မြန်မာ့သမိုင်းကာလ အချိုးအကွေ့အတော်များများမှာ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ အကြိမ်တွေ အများကြီး ရှိခဲ့ပါတယ်။

ကျောင်းသားတွေကပဲ အရမ်းတက်ကြွလွန်းပြီး ပြဿနာရှာတတ်နေတာလား၊ အာဏာရှိသူတွေကပဲ ကျောင်းသားတွေရဲ့အားကို အကြောက်လွန် နေတာလား ကျောင်းသားလှုပ်ရှားမှု အတွေ့အကြုံ တွေရှိခဲ့ကြတဲ့ ဆရာကြီးဒဂုံတာရာ၊ သမဂ္ဂ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခင်မောင်အုန်း၊ လူထုဒေါ်အမာ၊ ဦးသာဘန်း၊ ဒေးဗစ်တာကပေါ၊ ပဒိုမန်းရှာ၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအောင်စောဦး တို့ရဲ့ အမြင်တွေကို ဒီအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။ ကိုမင်းထက်နဲ့ ကိုသိန်းမြတ်တို့ စီစဉ်တင်ဆက်ထားတာပါ။