ဧကရာဇ် စပွန်ဆီယံ ရဲ့ နာမည်နဲ့ ရုပ်ပုံပါတဲ့ ရှေးဟောင်း ရွှေဒင်္ဂါးကို ထပ်မံ လေ့လာခဲ့
စိတ်ကူးယဉ် ဧကရာဇ်မင်း တကယ်ရှိခဲ့တယ်လို့ တွေ့ရ
သမိုင်းတလျှောက် စိတ်ကူးယဉ် ဇာတ်ကောင်အဖြစ် ရေးသားခဲ့ကြတဲ့ ၃ ရာစုက ရောမ ဧကရာဇ် မင်းတစ်ပါးဟာ တကယ်ပဲ ရှိခဲ့တယ် လို့ သုတေသန အသစ်အရ သိရပါတယ်။
ဧကရာဇ် စပွန်ဆီယံ ရဲ့ နာမည်နဲ့ ရုပ်ပုံပါတဲ့ ရှေးဟောင်း ရွှေဒင်္ဂါးကို ကျွမ်းကျင် ပညာရှင်တွေက ထပ်မံ လေ့လာခဲ့ကြတာဖြစ်ပါတယ်။
ဒီရွှေဒင်္ဂါး ပြသထားတဲ့ ဂလာပ်စဂိုမြို့ ဟန်တားရီးယန်း ပြတိုက်ကနေ ဘီဘီစီ သိပ္ပံ သတင်းထောက် ပေါလာ့ဘ် ဂေါ့ရှ် ပေးပို့တဲ့သတင်းကို ကိုဝေဖြိုး ပြောပြပါမယ်။