ဟောင်ကောင်ကို ဗြိတိန်က တရုတ်နိုင်ငံလက်ထဲ လွှဲပြောင်းပေးတာ ၂၅ နှစ် ပြည့်ပါတော့မယ်
ဟောင်ကောင်ကို ဗြိတိန်က တရုတ်နိုင်ငံလက်ထဲ လွှဲပြောင်းပေးတာ ၂၅ နှစ် ပြည့်ပါတော့မယ်။
တရုတ်နိုင်ငံနဲ့ အပြည့်အဝ ပေါင်းစည်းသွားတဲ့ အစိတ်အပိုင်း ဖြစ်လာမယ့် ၂၀၄၇ ခုနှစ် အထိ အခြေခံလွတ်လပ်ခွင့်တွေကို ကာကွယ်ပေးဖို့ တရုတ်နဲ့ ဗြိတိန် နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်က စတင်ကျင့်သုံးခဲ့တဲ့ တင်းကျပ်တဲ့ဥပဒေတွေက ဟောင်ကောင်မှာ ဝေဖန်ပြောဆိုမှုတွေ အားလုံးကို နှုတ်ဆိတ်သွားစေခဲ့ပါတယ်။
မကြာသေးခင်က အဖမ်းအဆီးနဲ့ ထောင်ဒဏ်တွေ အကြီးအကျယ် ရင်ဆိုင်ကြရတဲ့ ဟောင်ကောင်ရဲ့ အဆိုးဆုံးကာလကို ဖြတ်သန်းခဲ့ကြရတဲ့ လူငယ် သတင်းထောက်တွေ၊ ကန့်ကွက် ဆန္ဒပြသူတွေနဲ့ ဘီဘီစီ ပန်နိုရားမား အစီအစဉ်က ပြီးခဲ့တဲ့နှစ်က တွေ့ဆုံခဲ့ပါတယ်။
ကိုဘိုဘို ပြန်ပြောပြပေးပါမယ်။