ရုပ်ကြွင်းလောင်စာတွေ ဆက်လက်သုံးစွဲဖို့ နိုင်ငံတချို့ တောင်းဆိုထားတဲ့ စာတမ်းတွေ ပေါက်ကြား

ဗီဒီယို ပုံစာ, ရုပ်ကြွင်းလောင်စာတွေ ဆက်လက်သုံးစွဲဖို့ နိုင်ငံတချို့ တောင်းဆိုထားတဲ့ စာတမ်းတွေ ပေါက်ကြား

ဆော်ဒီအာရေဗျ၊ သြစတြေးလျနဲ့ ဂျပန်တို့က ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံတို့လို ရုပ်ကြွင်းလောင်စာတွေ ဆက်သုံးစွဲခွင့်ပြုဖို့၊ သုံးစွဲမှုလျှော့ချဖို့ လိုအပ်ချက်ကို အနိမ့်ဆုံး ထားဖို့ ကုလသမဂ္ဂကို တောင်းဆိုတဲ့ စာရွက်စာတမ်းတွေ ဘီဘီစီက ရရှိထားပါတယ်။

စကော့တလန်မှာလုပ်မယ့် ရာသီဥတုဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အရေးကြီးတဲ့ ဆွေးနွေးပွဲ မတိုင်ခင် ၁၀ ရက်အလိုမှာ ဒီလိုသိရှိရတာပါ။

ဘီဘီစီရဲ့ ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ အယ်ဒီတာ ဂျပ်စတင် ရိုလတ် ရဲ့ သတင်းကို ကိုကျော်ဇေယျ ပြောပြပေးပါမယ်။