အင်တာနက်စာမျက်နှာ အများအပြား ဖွင့်မရ ဖြစ်ခဲ့

A networking cable runs into the Fastly logo before emerging the other side broken and torn in this illustration

ဓာတ်ပုံ ရင်းမြစ်, Getty Images

Guardian၊ Financial Times၊ Independent နဲ့ New York Times စတဲ့ မီဒီယာကြီးတွေ၊ အမေဇုန် နဲ့ ယူကေ အစိုးရ ဝက်ဘ်ဆိုက်အပါအဝင် ဝက်ဘ်ဆိုဒ် တချို့ ဖွင့်မရ ဖြစ်ခဲ့ပါတယ်။

အဲဒီလို ဖွင့်မရတဲ့ ဝက်ဘ်ဆိုဒ်တွေမှာ "Error 503 Service Unavailable"လို့ ပေါ်နေပါတယ်။

အဲဒီလို ဖြစ်တာဟာ နာမည်ကြီး ဝက်ဘ်ဆိုဒ်အတော်များများကို ထိန်းချုပ်တဲ့ Fastly ဆာဗာ ဝန်ဆောင်မှု နဲ့ ပတ်သက်မယ်လို့ ကနဦး သတင်းတွေက ခန့်မှန်းထားကြပါတယ်။

ဘီဘီစီသတင်းဌာနရဲ့ ဘာသာစကားဆိုင်ရာ ဝက်ဘ်ဆိုဒ်တွေလည်း ဖွင့်မရဖြစ်ခဲ့ပါတယ်။

ဝက်ဆိုက်

ဘီဘီစီ မြန်မာပိုင်းရဲ့ စာမျက်နှာလည်း ခေတ္တဖွင့်မရ ဖြစ်ခဲ့ပေမဲ့ အခု ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်ပြီး တခြား ဝက်ဘ်ဆိုက်တချို့ရဲ့ အင်တာနက် စာမျက်နှာတွေ ဖွင့်လို့ မရသေးပါဘူး။

အခုချိန်ထိတော့ ဒါဟာ တိုက်ခိုက်ခံရလို့ ဖြစ်တာဆိုတဲ့ အထောက်အထားမျိုးမတွေ့ရသေးဘဲ လူသားအမှားကြောင့် ဖြစ်တာဆိုတဲ့ နည်းပညာ သတင်းထောက်တချို့ရဲ့ ပြောဆိုမှုမျိုးတွေ ရှိနေပြီး ဘီဘီစီကတော့ ဒါကို သီးခြား အတည်မပြုနိုင်သေးပါဘူး။