လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ခရီးရှည်

မျိုးဆက်အလိုက် လီဗာပူးပရိသတ်- တချို့တွေက လွန်ခဲ့တဲ့နှစ်၃၀ အမှတ်ပေးချန်ပီယံဆုနောက်ဆုံးရခဲ့တုန်းက မွေးတောင် မမွေးကြသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျိုးဆက်အလိုက် လီဗာပူးပရိသတ်- တချို့တွေက လွန်ခဲ့တဲ့နှစ်၃၀ အမှတ်ပေးချန်ပီယံဆုနောက်ဆုံးရခဲ့တုန်းက မွေးတောင် မမွေးကြသေးပါဘူး။

အင်္ဂလိပ်ထိပ်တန်း အမှတ်ပေးချန်ပီယံ ဆုဖလားရပြီး လီဗာပူးကစားသမားတွေ အန်းဖီးလ်မှာ ပျော်ပျော်ရွှင်ရွှင်နောက်ဆုံး အောင်ပွဲခံခဲ့တာက ၁၉၉၀ခုနှစ် မေလ၁ ရက် နေ့ကပါ။

အဲ့ဒီနောက်ပိုင်း အမှတ်ပေးချန်ပီယံဆုကို သူတို့အသင်းထပ်မရတော့သလို အခုလို နှစ်၃၀ကြာမှ တကျော့ပြန် ချန်ပီယံပြန်ဖြစ်လာခဲ့တာကလည်း ကြိုးစားအား ထုတ်မှုနည်းခဲ့တယ်လို့တော့ မပြောနိုင်ပါဘူး။

ကစားအသစ်တွေအများကြီးခေါ်၊ ဂိုးတွေအများကြီးသွင်း၊ ပွဲတွေအများကြီး အနိုင်ရအောင် ကစားခဲ့ကြပေမဲ့ ဒီနှစ်ဘောလုံး ရာသီမတိုင်ခင်အထိတော့ သူတို့ကြိုးစားမှုက အထမြောက်မလာပါခဲ့ပါဘူး။

အခုတော့ လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုရဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတဲ့ကာလတွေကလည်း လွန်‌မြောက်သွားခဲ့ပါပြီ။

ဒါကြောင့် သူတို့အသင်း ၁၉ကြိမ်မြောက် အင်္ဂလိပ်အမှတ်ပေးချန်ပီယံဆုရလာဖို့ လျှောက်လမ်းခဲ့တဲ့ ခရီးရှည်ကြီးမှာ ပါဝင်ခဲ့တဲ့ကစားသမားတွေ၊ မန်နေဂျာတွေနဲ့ သူတို့ သုံးစွဲခဲ့တဲ့ငွေကြေးတွေအကြောင်းကို ဖေါ်ပြပေးသွားပါမယ်။

ရိုဆန်သယ်လ် ကနေ မီနာမီနိုအထိ ပေါင် ၁.၄၇ ဘီလျံကို ဘယ်လိုသုံးခဲ့လဲ

Liverpool's transfer spending by season since 1990

၁၉၈၉-၉၀ ဘောလုံးရာသီ အမှတ်ပေးချန်ပီယံဖြစ်ပြီးနောက်ပိုင်း ပထမဆုံး ခေါ်ယူခဲ့ တဲ့ ကစားသမားက ဘယ်ဂျီယံကလပ် စတန်းဒတ် လီ‌ယေ့ဂျ် အသင်းက ပေါင်တစ်သန်းဝန်းကျင်နဲ့ ခေါ်ခဲ့တဲ့ ရွန်နီ ရိုဆန်သယ်လ်ပါ။

အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ ၁၈ကြိမ်နဲ့ ၁၉ကြိမ်မြောက်ကြားမှာ ကစားသမား စုစုပေါ င်း၂၁၈ယောက် ခေါ်ယူခဲ့ပြီး ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားက အစ္စရေးတိုက်စစ် မှူးရွန်နီ ရိုဆန်သယ်လ်ဖြစ်ပြီး နောက်ဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားကတော့ ပြီးခဲ့ တဲ့ ဇန်နဝါရီလက ပေါင်၇.၂၅သန်းနဲ့ ခေါ်ခဲ့တဲ့ တာကူမီမီနာမီနိုပါ။

ထုံးစံအတိုင်း ရောက်လာတဲ့ ကစားသမားတွေထဲမှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမား ကောင်းတွေပါသလို ခြေစွမ်းမပြနိုင်တဲ့ သုံးလို့မရတဲ့ ကစားသမားတွေလည်း ပါခဲ့ပါတယ်။

လူးဝစ်ဆွာရက်စ်နဲ့ ဗာဂျီလ်ဗန်ဒိုက်တို့လို နာမည်ကြီး ကစားသမား ကောင်းတွေက အသင်းမှာ ခြေစွမ်းပြခဲ့ကြပေမဲ့ အသင်းနဲ့အံမဝင် ခြေစွမ်းမပြနိုင်လို့ ပွဲနည်းနည်းပဲ ကစားခဲ့ရပြီး အသင်းကပြောင်းသွားခဲ့ရတဲ့ တိုဘန်ပီးချင့် ၊ ဘရှုနိုချိုင်းယို နဲ့ ရှောင်ဒန်ဒီတို့ လည်းရှိခဲ့ပါတယ်။

ငွေတွေအများကြီးသုံးပြီး ခေါ်ခဲ့ရပြီး အသင်းနဲ့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ သူတွေထဲမှာ ၄၄ပွဲကစားပြီး ၆ဂိုးပဲ သွင်းနိုင်ခဲ့တဲ့ ပေါင်၃၅သန်းတန် အင်ဒီကာရိုးလ်၊ ပေါင်၃၂.၅ သန်းနဲ့ ရောက်လာပြီး ၂၉ပွဲမှာ ၉ဂိုးပဲသွင်းနိုင်ခဲ့ တဲ့ ခရစ်တီယန်ဘန်တကေး၊ ၁၉ပွဲမှာ တစ်ဂိုးပဲသွင်း နိုင်ခဲ့တဲ့ ပေါင်၁၆သန်းနဲ့ရောက်လာတဲ့ မာရီယိုဘာ လော့တလီ တို့လည်းပါ ခဲ့ပါတယ်။

၂၀၀၅ခုနှစ်နဲ့ ၂၀၀၈ကြားကာလက ငွေတွေအများကြီးသုံး ကစားသမားတွေအများ ကြီး‌ ခေါ်ခဲ့တဲ့အချိန်ပါ ။ မန်နေဂျာ ဘင်နီတက်စ် လက်အောက်က ဘောလုံး ရာသီ သုံးရာသီအတွင်းမှာတင် ကစားသမားအ‌ယောက် ၄၀တောင် ခေါ်ယူခဲ့ပါတယ်။

ချန်ပီယံဆု ၁၈ကြိမ်နဲ့ ၁၉ကြိမ်ရခဲ့တဲ့ကြား နှစ်၃၀အတွင်း ပေါင်၁.၄၇ဘီလျံ လီဗာပူး သုံးခဲ့တယ်ဆိုတာကို အပြောင်းအရွှေ့ စျေးကွက်မှတ်တမ်းများအရသိရပါတယ်။

ဒါပေမဲ့ နှစ်၃၀အတွင်း ကစားသမားတွေပြန်ရောင်းတာကနေ ပေါင် ၉၃၆.၆သန်း လီဗာပူး ပြန်ရခဲ့တယ်ဆိုတာကိုလည်း အရေးကြီးတဲ့အချက်တခုအနေနဲ့ ထည့် ပြောရမှာပါ။

၁၉၉၀ခုနှစ်နဲ့ ၂၀၂၀အတွင်း ခြေစွမ်းပြကစားခဲ့ကြတဲ့ လီဗာပူးကစားသမားတွေက အပြင်ကရောက်လာတဲ့ ကစားသမားတွေချည်းပဲမဟုတ်ပါဘူး။

အဲ့ဒီလူတွေထဲမှာ အသင်းအကယ်ဒမီကထွက်လာတဲ့ ငယ်မွေးခြံပေါက် ရော်ဘီ‌ဖေါင်လာ၊ ဂျရတ်၊ ကာရက်ဂါ၊ မိုက်ကယ်အိုဝင်နဲ့ တရန့်အလက်ဇန်းဒါးအာနိုးတို့လည်း ပါပါတယ်။

အခြားတစ်ဖက်မှာလည်း လီဗာပူးအသင်းကို ၁၉ကြိမ်မြောက် အမှတ်ပေး ဖလားချန်ပီ ယံဆုရယူပေးခဲ့တဲ့အဓိကလူတွေထဲမှာ ပြောင်းရွေ့ကြေး အများကြီးနဲ့ အသင်းကိုရောက်လာတဲ့ ဗန်ဒိုက်၊ အဲလစ်ဆင်နဲ့ နာဘီကီတာတို့လို ကစားသမား တွေလည်းပါပါတယ်။

ခုခေတ်ဘောလုံးလောကရဲ့ထုံးစံက ပိုက်ဆံသုံးရင် သုံးနိုင်သလောက် အောင်မြင်မှုရမယ် ဆိုတာမျိုးဖြစ်နေတာပါ။

Crow at Anfield

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွန်ခဲ့တဲ့နှစ်၃၀ အတွင်း လီဗာပူးရဲ့အန်းဖီးလ်ကွင်းကို ပရိသတ် ၂၄သန်းကျော် လာရောက်အားပေးခဲ့

လီဗာပူး ပရိတ်သတ်ရဲ့အားပေးမှု

ကစားသမားတွေ အသင်းကိုဝင်လာလိုက် ပြီးရင် ပြန်ထွက်သွားလိုက် ဆိုတာကို တွေ့နေရတာ အားပေးတဲ့ပရိသတ်အတွက်တော့ အထူးအဆန်းမဟုတ်သလို ကြုံနေတဲ့ ကိစ္စတခုပါ။

ဒီနှစ် ၁၉ကြိမ်မြောက် ချန်ပီယံဆုရတာကိုအောင်ပွဲခံဖို့ လီဗာပူးပရိသတ်တွေ စောင့်ခဲ့ရတာဟာ သူတို့ ထင်ထားတာထက်တောင်ပိုကြာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေရပ်နားထားရလို့ ချန်ပီယံဆုအတွက် ပိုစောင့်ခဲ့ရသလို တခြားတဖက်မှာလည်း သူတို့ ချစ်ခင်တဲ့သူတွေ ဆုံးရှုံးတာနဲ့ လည်း ကြုံ ခဲ့ရပါတယ်။

ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူတို့အသင်း ချန်ပီယံဆုရတာကို အကြီးအကျယ် အောင်ပွဲခံခွင့်မရခဲ့ကြသလို ၊သူတို့ အသင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၉ပွဲကိုပါ ပရိသတ်မပါဘဲ ကျင်းပမှာဖြစ်လို့ သွားအားပေးခွင့်မရကြပါဘူး။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အတွက် ဦးစားပေးကတော့ လီဗာပူးအသင်းကို အင်နဲ့ အားနဲ့ တစ်ရာသီပြီးတစ်ရာသီ ဆက်အားပေးသွားဖို့ပါ။

ကလပ်အသင်းအနေနဲ့ တစ်ရာသီလုံးစာ လက်မှတ်ဝယ်ကိုင်တဲ့ ပရိသတ်တွေကို ပုံမှန် ဆက်ထိန်းထားနိုင်ဖို့ဆိုတာကလည်း ခက်ခဲတဲ့ အလုပ်တခုပါ။ ၁၉၈၉-၉၀ ချန်ပီယံဖြစ်ပြီး နောက်ပိုင်းမှာပိုခက်လာလို့ ပုံမှန်လာ အားပေးတဲ့ ပရိသတ်အရေအတွက်ကို ဒီမှာ ဖေါ်ပြပေးလိုက်ပါတယ်။

အပြောင်းအရွှေ့ စျေးကွက်ရဲ့ စာရင်းဇယားတွေအရ လွန်ခဲ့တဲ့ နှစ်၃၀အတွင်း အန်းဖီးလ်ကွင်းမှာ လာကြည့်တဲ့ လီဗာပူးပရိသတ်က ၂၄,၆၉၈,၉၄၂ နှစ်ဆယ့်လေးသန်း ခြောက်သိန်း ကိုးသောင်း ရှစ်ထောင် ကိုးရာလေးဆယ့်နှစ်ယောက်ရှိပါတယ်။

ယာကန်ကလော့ ရောက်လာတာက လီ‌ဗာပူးအသင်းကို အပြောင်းအလဲဖြစ်စေခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယာကန်ကလော့ ရောက်လာတာက လီ‌ဗာပူးအသင်းကို အပြောင်းအလဲဖြစ်စေခဲ့

အန်းဖီးလ်က မန်နေဂျာတွေ

ကင်နီဒါးဂလစ်က လီဗာပူးအသင်းအတွက် ၁၆ကြိမ်၊၁၇ကြိမ်နဲ့ ၁၈ကြိမ်မြောက် အမှတ်ပေး ချန်ပီယံဆုကို ရယူပေးခဲ့ပြီး ချန်ပီယံဆုကိုဆက်ကာကွယ်သွားဖို့ လည်း ဆက်တာဝန်ယူခဲ့ပါတယ်။

ဒါပေမယ့် ၁၉၉၁ ဖေဖော်ဝါရီလထဲမှာ ရာထူးက ရုတ်တရက် သူ နှုတ်ထွက်သွားခဲ့တာနဲ့ ကြုံခဲ့ရပါတယ်။ သူနှုတ်ထွက်သွားချိန်က လီဗာပူးအသင်းဟာ ၃မှတ်အကွာနဲ့ အမှတ်ပေးယားထိပ်မှာ ဦးဆောင်နေတာပါ။

သူ့နေရာကို ယာယီနည်းပြ ရွန်နီမိုရန်နဲ့ အမြဲတမ်းနည်းပြဂရေမီ ဆောင်းနက်တို့ ပူးတွဲတာဝန်ယူ ခဲ့ကြပေမဲ့ ချန်ပီယံဆုကိုဆက်ကာကွယ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ကြပဲ အာဆင်နယ်ကို လွှဲပေးခဲ့ရပါတယ်။

၁၉၉၀-၉၁ ဘောလုံးရာသီအစကနေ အခုနောက်ဆုံး ချိန်အထိ လီဗာပူးကိုကိုင်တွယ် တာဝန်ယူခဲ့တဲ့ မန်နေဂျာ စုစုပေါင်း၉‌ယောက်ရှိခဲ့ပါတယ်။

သူတို့ထဲမှာ ၁၉၉၄ကနေ ၁၉၉၈ခုနှစ်အထိ ဘောလုံးရာသီလေးရာသီ ၊ပြီးတော့ ၁၉၉၈မှာ ရှားရှားပါးပါး ဟူးလီယားနဲ့ ပူးတွဲမန်နေဂျာလုပ်ခဲ့တဲ့ ရိုင်အီဗန်စ်လည်း ပါပါတယ်။ ပူးတွဲမန်နေဂျာအဖြစ် လေးလပဲတာဝန်ယူပြီးနောက်ပိုင်း ရိုင်အီဗန်စ် နုတ်ထွက်သွားလို့ မန်နေဂျာတာဝန်ကို ဟူးလီယာ ဆက်ယူခဲ့ရပါတယ်။

၁၉၉၀-၉၁ ဘောလုံးရာသီက နောက်ဆုံး ၅ပွဲကိုပဲ တာဝန်ယူခဲ့ရတဲ့ ဆောင်းနက်ကို ဖယ်လိုက်ရင် လီဗာပူးကို နှစ်၃၀အတွင်း အမှတ်ပေးချန်ပီယံဖြစ်ဖို့ နီးနီးကပ်ကပ် ဒုတိယနေရာရအောင် စွမ်းဆောင်ပေးခဲ့တာ မန်နေဂျာ လေးယောက်ရှိပါတယ်။ သူတို့တွေကတော့ ဟူးလီး ယား (၂၀၀၁-၀၂)၊ ရာဖဲလ်ဘင်နီတက်စ်(၂၀၀၈-၀၉ )၊ ဘရန်ဒန် ရော့ဂျာစ်(၂၀၁၃-၁၄ )နဲ့ ယာကန်ကလော့ (၂၀၁၈-၁၉ )တို့ဖြစ်ပါတယ်။

ဘောလုံးရာသီတခုပြည့်အောင်တောင်မကိုင်ခဲ့ရတဲ့ ရိုင်ဟော့ဆင်နဲ့ ချန်ပီယံဆုရလု နီးပါး စွမ်းဆောင်ခဲ့တဲ့ ဘရန်ဒန် ရော့ဂျာစ်တို့ အမှတ်ပေး ချန်ပီယံဆုမဟုတ်တဲ့ အခြား ဆုဖလားတခုစီတော့ ရအောင် လုပ်ပေးခဲ့တာကိုလည်း ထည့်ပြောချင်ပါတယ်။

ကလော့ အသင်းကိုရောက်လာပြီးတော့မှ ကင်နီဒါးဂလက်စ်ရဲ့ အောင်မြင်မှုကို ဆက်ခံမယ့် မန်နေဂျာတယောက် သူတို့ရှာတွေ့ပြီဆိုတာ လီဗာပူးအသင်း နောက်ဆုံးမှာ သိခဲ့ရပါတယ်။

ဂျာမန်လူမျိုး မန်နေဂျာ ကလော့ဟာ ဒါးဂလစ် အသင်းကထွက်သွားပြီးနောက်ပိုင်း လီဗာပူးအသင်းရဲ့ ပွဲ ၆၀ရာခိုင်နှုန်းကျော်ကို အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်တဲ့ သူဖြစ်လာပါတယ်။

Graphic showing the number of minutes Liverpool played between winning the title in 1990 and 2020

မိနစ် ၁၀၃,၄‌၁၀ ကစားခဲ့ရ

လီဗာပူးအသင်းဟာ ၁၉၉၀-၉၁ ဘောလုံးရာသီကစပြီး အမှတ်ပေးပွဲ စုစုပေါင်း ၁၁၄၉ ပွဲကစားခဲ့ရပါတယ်။ ၁၉ကြိမ်မြောက် အမှတ်ပေးချန်ပီယံဖြစ်လာဖို့ ၁၁၄၉ပွဲမှာ ဒဏ်ရာရအချိန်ပိုမပါ မိနစ်ပေါင်း ၁၀၃,၄၁၀ ကစားခဲ့တာပါ။

ပွဲပေါင်း ၁,၁၄၉ပွဲမှာ ၅၉၅ပွဲနိုင် ရာခိုင်နှုန်းအားဖြင့် ၅၂ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး ဂိုးပေါင်း ၁၉၆၈ဂိုးနဲ့ အမှတ်ပေါင်း ၂၀၇၅မှတ်ရခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုဘောလုံးရာသီမှာ ၂၈ပွဲနိုင် ၊သွင်းဂိုး၇၀ နဲ့ ၈၆မှတ်ရခဲ့တာက နှစ်ရှည်လများစောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ပြန် ရစေခဲ့တာပါ။

Graph showing Liverpool's best winning percentage against opponents

ဘယ်အသင်းကို အနိုင်ဆုံးလဲ

နှစ်၃၀အတွင်းမှာ လီဗာပူးအသင်း အများဆုံးအနိုင်ရခဲ့တဲ့ အသင်းက တော့တင်ဟမ် အသင်းပါ။သူတို့အသင်း အကြိမ် ၆၀တွေ့ဆုံကစားခဲ့တာကနေ လီဗာပူးအသင်းက ၁၀၈မှတ်ရယူနိုင်ခဲ့ပါတယ်။

လီဗာပူးနဲ့ တစ်မြို့တည်းအသင်းမြို့ခံပြိုင်ဘက် အဲဗာတန်အသင်းကနေ ၁၀၅မှတ်၊ အလားတူ ဝက်စ်ဟမ်းအသင်းဆီကလည်း ၁၀၁မှတ် ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လီဗာပူးအသင်း အကောင်းဆုံးအနိုင်ရခဲ့တဲ့အသင်းက ဘန်လေအသင်း ပါ။ရာခိုင်နှုန်းအရ ၈၂ရာခိုင်နှုန်းနီးပါးတောင် ရှိပါတယ်။

Graphic showing Liverpool's least favoured opponents

ဒုက္ခအပေးဆုံးအသင်းက ဘယ်အသင်းလဲ

၁၉၉၀-၉၁ ဘောလုံးရာသီကနေ နှစ်၃၀အတွင်း လီဗာပူးအသင်းရဲ့ ချန်ပီယံအိပ်မက်ကို နှောင့်ယှက်ဖျက်ဆီးခဲ့တဲ့ အသင်းတွေက မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့လို့ပြောရင် လူတွေအံ့သြလောက်မယ်မထင်ပါဘူး။

လီဗာပူးအသင်းဟာ ၁၉၉၀-၉၁ ဘောလုံးရာသီကနေ အခုချိန်ထိ ပြိုင်ဖက် မန်ယူကို ၂၉.၃ရာခိုင်နှုန်းသာ အနိုင်ရခဲ့ပြီး ၁၉၉၀- ၁၉၉၁ကနေ ကစားခဲ့တဲ့ ၅၈ပွဲမှာ ၂၈ပွဲပဲ အနိုင်ရခဲ့ပါတယ်။ဂိုးကွာခြားချက်အနေကလည်း မန်ယူက အများကြီးသာပါတယ်။

လီဗာပူးချန်ပီယံရဖို့ ဆူးညှောင့်တွေဖြစ်ခဲ့တဲ့ ဘာမင်ဟမ်ကို ၂၁.၄ရာခိုင်နှုန်း၊ ဝင်ဘယ်ဒန်ကို ၂၆.၃ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီရလဒ်ကို ပြီးတဲ့ နှစ်၃၀ပွဲ ရလဒ်တွေက ဘယ်လိုမှ လိုက် မမီပါဘူး။ လီဗာပူးရခဲ့တဲ့ လက်ရှိရလဒ်က အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အကောင်းဆုံးစံချိန်တခုပါ။

ပရိသတ်တွေသိအောင် အခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံဖြစ်စေခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီ ရလဒ်နဲ့ လွန်ခဲ့တဲ့ ဘောလုံးရာသီ ၂၉ရာသီက လီဗာပူးအသင်းရဲ့ စုစုပေါင်း ရလဒ် ကို နှိုင်းယှဥ်ဖေါ်ပြပေးပါမယ်။

၂၀၁၉-၂၀ ပျှမ်းမျှ(၁၉၉၀-၉၁ကနေ ၂၀၁၈-၁၉)

၂၈ပွဲ အနိုင် ၁၉.၅၇

၂ပွဲ သရေ ၉.၅၇

၁ပွဲ အရှုံး ၉.၁၄

ဂိုး၇၀ သွင်းဂိုး ၆၅.၄၅

၂၁ဂိုး ပေးဂိုး ၃၈.၈၃

၈၆ ရမှတ် ၆၈.၅၇

၉၀.၃၂ အနိုင်ရာခိုင်နှုန်း ၅၀.၈၁

Graphic showing the players with most appearances for Liverpool since 1990-91

ဘယ်သူတွေ ပွဲပိုကစားခဲ့ကြလဲ

၁၉၉၀-၉၁ ဘောလုံးရာသီကစပြီး လီဗာပူးအသင်းမှာကစားခဲ့တဲ့ ကစားသမား ၂၃၉ယောက်ရှိပါတယ်။

ဂျွန်ဘားနက်စ် ၊‌ရေးဟော့တန်နဲ့ အီရန်ရပ်စ်တို့ ၃ယောက် ဂိုးသွင်းယူခဲ့ပြီး ရှက်ဖီးယူနိုက် တက်ကို ၃ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၁၉၉၀ခုနှစ် သြဂုတ်လ ၂၅ရက် နေ့ကကစားခဲ့တဲ့ပွဲဟာ ၁၉ကြိမ် မြောက် ချန်ပီယံဆုခရီးရှည်ရဲ့ ခရီးအစပါ။

အဲ့ဒီပွဲက ရာသီအစကနေ ၁၄ပွဲမြောက် ရှုံးပွဲမရှိ ၈ပွဲဆက်အနိုင်ရခဲ့တဲ့ ပွဲထဲက တစ်ပွဲဖြစ်ပါတယ်။

အဲ့ဒီကနေ နှစ်၃၀နီးပါးကြာပြီးသွားတဲ့အချိန် မန်စီးတီးက ချဲလ်ဆီးကို ရှုံးနိမ့်သွားတဲ့ အတွက် လီဗာပူးရဲ့ ၁၉ကြိမ်မြောက်ပရီးမီးယားလိဂ် ချန်ပီယံခရီးရှည်ကြီး နောက်ဆုံးမှာ အဆုံးသတ် အကောင်အထည်ပေါ်သွားခဲ့ပါတယ်။

ကစားသမား ၂၃၉ယောက်နဲ့ အတူ နှစ်ပေါင်း ၃၀ကြာလျှောက်လမ်းခဲ့တဲ့ လီဗာပူးရဲ့ အမှတ်ပေးချန်ပီယံခရီးရှည်ကြီးမှာ ပွဲအများဆုံးကစားခဲ့တဲ့ ကစားသမားကတော့ အသင်းအတွက် ၅၀၈ပွဲကစားပေး ခဲ့တဲ့ လီဗာပူး အကယ်ဒမီထွက် ဂျေမီကာရက်ဂါပဲဖြစ်ပါတယ်။

ပွဲအများဆုံးကစားပေးခဲ့တဲ့ သူ ၁၀ယောက်စာရင်းထဲမှာ အသင်းမှာ လက်ရှိ ကစား နေတဲ့သူက ၂၆၆ပွဲ ကစားပေးထားတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင် တစ်ယောက် ပဲရှိပါတယ်။

အဲ့ဒီသူတွေနဲ့ ဆန့်ကျင်ဘက် လီဗာပူးအသင်းအတွက် တစ်ပွဲပဲ ကစားပေးခဲ့တဲ့ သူတွေကတော့ ဒန်နယ်လီပါဒယ်လီ၊ ဒေးဗစ်ရာဗန်၊ဂျွန်နယူဘီ၊ ပက်ထရိုက်စ် လူဇီ၊အစ်ဗန်ကိုဇ်မာနဲ့ ရာဖေးလ်ကာမာချိုတို့ဖြစ်ပါတယ်။

Grah showing Liverpool's most prolific league goal scorers in the last 30 years

ဂိုးအများဆုံး သွင်းပေးထားတဲ့သူ

ဂိုးသွင်းအများဆုံး ထိပ်တန်းဂိုးသွင်းရှင်စာရင်းကတော့ အမှတ်ပေးပြိုင်ပွဲ တွေမှာ ၁၂၈ ဂိုးသွင်းပေးခဲ့တဲ့ အသင်းမှာနှစ်ကြိမ်ကစားခဲ့တဲ့ လီဗာပူးရဲ့ ငယ်မွေးခြံပေါက် အကယ်ဒမီထွက် ပါရမီရှင် ရောဘီဖောင်လာက ထိပ်ဆုံးက ရှိနေပါတယ်။

ဂိုးသွင်းအများဆုံး ထိပ်တန်းဆယ်ယောက်စာရင်းမှာ လက်ရှိအသင်းရဲ့ အဓိကက စားသမား ရောဘတ်တိုဖာမီနို၊ ဆာဒီယိုမာနေးနဲ့ မိုဟာမက် ဆာလာတို့ လည်းပါ ပါတယ်။

လီဗာပူး ကစားသမားတွေထဲက အထူးဂရုပြုဖေါ်ပြဖို့ လိုတဲ့သူကတော့ စတီဗင်ဂျရတ် ဖြစ်ပါတယ် ။ လီဗာပူးရဲ့ ၁၉ကြိမ်မြောက် အမှတ်ပေးဆုဖလားကို လျှောက်လှမ်း ခဲ့တဲ့ခရီးရှည်ကြီးမှာ သူက လည်း အရေးပါခဲ့ပြီး အကောင်းဆုံးနဲ့ အဆိုးဆုံး ဘောလုံး ရာသီတွေကိုဖြတ်သန်းခဲ့တဲ့သူပါ။

လီဗာပူးအလယ်တန်းလူ အသင်းခေါင်းဆောင်တာဝန်ယူခဲ့တဲ့ ဂျရတ်ဟာ ပွဲအများဆုံး ကစားခဲ့တဲ့သူတွေထဲမှာပါခဲ့သလို ဂိုးအများဆုံးသွင်းခဲ့တဲ့လူစာရင်းအပြင် ဂိုးသွင်းဖို့ အများဆုံး ကူအညီထောက်ပံ့ ပေးနိုင်တဲ့သူအဖြစ်လည်း လွန်ခဲ့တဲ့ နှစ်၃၀ စာရင်း မှာ မှတ်တမ်းဝင်ခဲ့ပါတယ်။

၁၉၉၀ကစလို့ ဂျရတ်က လီဗာပူးလူငယ်အသင်းမှာ စကစားခဲ့ပြီး ၂၀၀၄-၀၅ ချန်ပီယံ လိဂ် ချန်ပီယံ၊ ၂၀၀၅-၂၀၀၆အက်အေဖလား ချန်ပီယံဆုတွေအတွက် အဓိကနေရာ က မောင်းနှင်ခဲ့တဲ့သူဖြစ်ပါတယ်။

လီဗာပူးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုရအောင်ကြိုးစားခဲ့တဲ့လမ်းကြောင်းမှာ အရေးကြီးတဲ့ သူ့ပုံနှစ်ပုံကိုတော့ ဖယ်ထားလို့ မယ်မထင်ပါဘူး။

တစ်ခုက ၂၀၁၃-၁၄ဘောလုံးရာသီက မန်စီတီးကို အနိုင်ကစားခဲ့တဲ့ပွဲအပြီး "don't let it slip" ခြေချော်လက်ချော်မဖြစ်စေနဲ့ ဆိုပြီး ကွင်းအတွင်းမှာ သူ့အသင်းသားတွေကို သူ ပြောခဲ့တာ။

ဒုတိယတခုကတော့ အန်းဖီးမှာ ကစားခဲ့တဲ့ပွဲမှာ သူကိုယ်တိုင် ခြေချော်သွားလို့ ချဲလ်ဆီးကို ဂိုးပေးလိုက်ရပြီးနောက် ကွင်းထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံပါ။

Steven Gerrard (centre)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျရတ်ခြေချော်သွားပြီး ချဲလ်ဆီးကို ဂိုးပေးလိုက်ရတာက လီဗာပူးအသင်း ၂၀၁၃-၁၄ ချန်ပီယံဆုကို လက်လွှတ်လိုက် ရဖို့ ဦးတည်သွားစေခဲ့

ချဲလ်ဆီးကို ရှုံးခဲ့ပြီးနောက် ၂၀၁၃-၁၄ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့် အခွင့်အရေး လီဗာပူးတို့ လက်လွတ်ခဲ့ရတယ်လို့ပြောနိုင်ပါတယ်။

၂၀၁၃-၁၄ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခွင့်အရေး လက်လွတ်ခဲ့ရ တာကို ဂျရတ်တ‌ယောက် ဘယ်တော့မှ မေ့နိုင်မှာမဟုတ် သလို လီဗားအသင်းအနေနဲ့ လည်း အဲ့ဒီကနေ အကောင်းဆုံးသင်ခန်းစာယူပြီး ရှေ့ဆက်လှမ်းနိုင်ခဲ့တယ်ဆိုတာကလည်း သေချာနေပါတယ်။