" လိုအပ် ပါက အချို့နေရာတွေမှာ အသွားအလာကန့်သတ်မယ့် အစီအစဉ်communitty Quaratine ကဲ့သို့ ကန့်သတ်မှုမျိုးကိုဆောင်ရွက်ကောင်းဆောင်ရွက်မှာဖြစ်" နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံ တင်ပြတဲ့မိန့်ခွန်း
ဓာတ်ပုံ ပုံစာ, COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံ တင်ပြတဲ့မိန့်ခွန်း

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကို ကပ်ရောဂါ ဖြစ်လာနိုင်တယ်လိုကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားပြီး လိုအပ် ပါက ဒေသအလိုက် အချို့နေရာတွေမှာ အသွားအလာကန့်သတ်မယ့် အစီအစဉ် ကိုဆောင်ရွက်မှာဖြစ်တယ်လို့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံ တင်ပြတဲ့မိန့်ခွန်းမှာ ပြောသွားပါတယ်။

အဲဒီလို ဆောင်ရွက်ရင်စောနိုင်သမျှ စောစော ကြိုတင် အသိပေးမှာ ဖြစ်ပြီးတော့ လိုအပ်တဲ့ စားနပ်ရိက္ခာ ဆေးဝါးတွေ အပါအဝင်တည်ငြိမ်အေးချမ်းရေးကိုပါ စီစဉ်ပေးမှာဖြစ်တယ်လို့ သူကပြောပါတယ်။

အခု အချိန်မှာ လူစုလူဝေးနဲ့ သွားလာနေထိုင်တာကိုရှောင်ရှားပြီး မိမိတို့အိမ်တွေမှာပဲ နေကြဖို့ကို သူကပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ဟာ ကူးစက်မှု အထူးမြန်တာကို လည်း သတိပေးခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိလို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရရင်လည်း စေတနာနဲ့ သည်းခံပေးဖို့နဲ့ ဒါဟာ မိမိ ရောဂါ ရှိမရှိ ကို ကြို သိနိုင်လို့ အချိန်မီကုသရေး အတွက်လည်းကောင်းတယ်လို့ လည်း သူကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ လူနာ၁၄ဦး မှာ ရောဂါပိုးတွေ့ရှိ ထားပြီး လူနာ တစ်ဦး ပထမဆုံးသေဆုံးခဲ့ ကြောင်းနဲ့၊ အဲဒီလူနာဟာ အသက်အရွယ် ကြီးသူတစ်ဦးဖြစ်ပြီး နှာခေါင်းကင်ဆာရောဂါ အခံ ရှိသူဖြစ်ပြီးcovid 19 သဘော သဘာဝ အရ ကိုယ်ခံအား နည်းသူတွေ အတွက် အထူးစိုးရိမ်ရ တယ်လို့လည်း သူကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကြောင့်ထိခိုက်လာနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို လည်း အစီအမံ တွေချကာ ချေးငွေတွေ ထုတ်ပေးနေပြီး အလုပ်သမားတွေကို လုပ်ခပေးနိုင် အောင် လုပ်ငန်းလည်ပတ်အောင် အစီအစဉ်တွေလုပ်နေ တယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။