ရခိုင်မှာ အမျိုးသား၂ဦး နေအိမ်မှာ ရှိစဉ် လက်နက်ကိုင်အချို့သတ်ဖြတ်တာခံရ

ရခိုင်မှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေတိုးလာသလို အင်တာနက်လိုင်းတွေပါဖြတ်တောက်ခံထားရ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ရခိုင်မှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေတိုးလာသလို အင်တာနက်လိုင်းတွေပါဖြတ်တောက်ခံထားရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ပေါက်တူးတောင်ကျေးရွာ အောင်သပြေ ရပ်ကွက်မှာနေထိုင်တဲ့ ဦးမောင်ဘ ကျန် (၅၈) နှစ်နဲ့ သူရဲ့သမက်ဖြစ်သူ ပိုင်သက်ကျော် (၂၆) တို့ကို အမည်မသိ လက်နက်ကိုင်ထား တဲ့ သူတွေက ဇူလိုင် ၅ရက်နေ့ညက လာရောက်သတ်ဖြတ်သွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြော ပါတယ်။

သူတို့နှစ်ဦးကို ည ၈ နာရီဝန်းကျင်လောက်က အမည်မသိ မိုးကာအင်္ကျီခေါင်းစွပ်နဲ့ မျက်နာကို အုပ်ထားတဲ့ လက်နက်ကိုင်ထားတဲ့ လူနှစ်ဦးကနေ အိမ်ပေါ်ထပ်မှာ လုပ်ကြံသတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

'' ရဲစခန်းမှူးနဲ့ အတူ သွားစစ်တော့ ကျည်ဆံခွံ ၇ ခုတွေ့ရတယ်။ ခန္ဓာကိုယ် အနှံ့အပြားမှာ လည်း သေနတ်ဒဏ်ရာ ဓါးဒဏ်ရာတွေ တွေ့ရသလို လည်ပင်းမှာ ပြတ်ရှ ဒဏ်ရာတွေလည်း တွေ့ရတယ်။ ဦးမောင်ဘကျန်က မီးဖိုချောင်ထဲမှာ သေနေပြီး ပိုင်သက်ကျော်ကိုတော့ အိမ်ရှေ့ ဝရံတာမှာ တွေ့ရ တယ်''လို့ ပေါက်တူးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ရွှေကပြောပြပါတယ်။

ကို တွေ့ခဲ့ရတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ကမ်းထောင်း ကြီးရဲစခန်းကို ဆက်သွယ်မေးမြန်းတော့ဒီဖြစ်စဉ်နဲပတ်သက်ပြီး ကမ်းထောင်းကြီးရဲစခန်းကတော့ လူနှစ်ဦး အသတ်ခံရတာကို အတည်ပြုပေမယ့် အသေးစိတ် ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်ကလည်း မြေပုံမြို့နယ်က ကမ်းထောင်ကြီး အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေဟာလည်း နေအိမ်ထဲမှာ ဗွီဒီယိုကြည့်နေစဉ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ခုလို သတ်ဖြတ်တွေ မကြာခဏ ဖြစ်ပေါ်နေပြီး အသတ်ခံရသူ အရေအတွက်ဟာ အခုအချိန်မှာ ၁၀ ဦးနီးပါး ရှိသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ဗီဒီယို ပုံစာ, "အမေ ဖြစ်သမျှအကြောင်း အကောင်းမှတ်လိုက်တော့ သားမနေရတော့ဘူးလို့ပြောတယ်။" ဒေါ်သိန်းနုစိန်