ဆရာတော် ဦးဝီရသူ ကို ဝရမ်း အသစ် ထုတ်တဲ့ အပေါ်မှာ ရဲတပ်ဖွဲ့ က ဘယ်လို သဘောထားလဲ

ဗီဒီယို ပုံစာ, ဆရာတော် ဦးဝီရသူ ကို ဝရမ်းပြေး အဖြစ် သတ်မှတ်လိုက်ပြီလား

အမျိုးသားရေး ဆရာတော် ဦးဝီရသူ ကို ဖမ်းဆီး ဖို့ မူလ က ထုတ်ပေးထားတဲ့ ဖမ်းဝရမ်းကို မန္တလေးတိုင်း ရဲတပ်ဖွဲ့က မေလ ၄ ရက်နေ့က ပြန်သွင်းလိုက်ပါတယ်။

ဒီ ဝရမ်းပြန်သွင်းတဲ့အခါမှာ ဦးဝီရသူ ကိုမခေါ် ဆောင်လာနိုင်တဲ့အတွက် ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် တရားရုံးက နောက်ထပ် ဖမ်းဝရမ်းအသစ်တစ်ခု ကိုထပ်ထုတ်လိုက်ပါတယ်။

အခုအသစ်ထုတ်လိုက်တဲ့ ဖမ်းဝရမ်းက အရင်ဝရမ်းနဲ့ ဘယ်လိုကွာခြားပါသလဲ။ ရဲတပ်ဖွဲ့ ကရော ဘယ်လိုဆက်လက် ဆောင်ရွက်သွားမှာလဲ။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုး ကို ဘီဘီစီ အကြီးတန်း သတင်းထောက် စောရန်နိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။