ရန်ကုန် မြို့လယ် ပုဒ်မ ၅၉ထောက်ခံပွဲ ရုန်းရင်းဆန်ခတ် ဖြစ်

ဦးဝီရသူ ဟောပြောနေစဉ် လာရောက်နားထောင်သူတစ်ဦးက အမြင်သဘောထား မတူညီချက် တွေ ကို ပြန်လည် ပြောဆိုခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာပါ။

ဓာတ်ပုံ ရင်းမြစ်, MOe Kyaw Lwin

ဓာတ်ပုံ ပုံစာ, ဦးဝီရသူ ဟောပြောနေစဉ် လာရောက်နားထောင်သူတစ်ဦးက အမြင်သဘောထား မတူညီချက် တွေ ကို ပြန်လည် ပြောဆိုခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာပါ။

မေလ ၅ ရက်က ရန်ကုန် မြို့လယ်မှာ အမျိုးသားရေးအင်အားစုတွေ ဦးဆောင်ပြုလုပ်တဲ့ ပုဒ်မ ၅၉ထောက်ခံ ဟောပြောပွဲ မှာ ဆရာတော် ဦးဝီရသူ ဟောပြောနေစဉ် လာရောက် နားထောင်သူတစ်ဦးက အမြင်သဘောထား မတူညီချက် တွေ ကို ပြန်လည် ပြောဆိုခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲက အဲဒီလူကို ဖမ်းလိုက်ပါတယ်။

သူ့အပြင် အခြား အမျိုးသားတစ်ဦးကိုလည်း ရဲက ဖမ်းခဲ့ပါတယ်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ ကာကွယ်စောင့်ရှောက်ရေးအတွက် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများဟာ မေလ ၅ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင် ကနေ မြို့တော်ခန်းမရှေ့ အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီးမြို့တော်ခန်းမရှေ မှာ ဟောပြောပွဲ ကျင်းပနေစဉ် အခုလိုဖြစ်တာပါ။

ဒီပွဲကို ဦးဝီ ရသူ အပြင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှဆွေ၊ ဦးဝင်းကိုကိုလတ်တို့လည်း ဟောပြောကြပြီး ဦးဝီရသူကတော့ စစ်သားတွေကို ဘုရားလို ကိုးကွယ်ရမယ်ဆိုပြီး သူဟောပြောစဉ် ထူးထူးခြားပြောသွားပါတယ် ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ အား ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၃၆၁ အား ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေးဆိုပြီး ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ye pyae zar ni

ဓာတ်ပုံ ပုံစာ, ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ အား ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၃၆၁ အား ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေးဆိုပြီး ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ပါတယ်။

လွှတ်တော်ထဲက စစ်သားတွေဟာ တပ်မတော်ရဲ့ လစာကို စားပြီး လွှတ်တော်ထဲ အမုန်းခံဝင်ထိုင်နေရတာကြောင့် အဲ့ဒီစစ်သားတွေကို ဘုရားလို ကိုးကွယ်သင့်တယ် လို့ အမျိုးသားရေး ဆရာတော် ဦးဝီရသူက ဟောပြောခဲ့တာဖြစ်ပါတယ်။

ဦးဝီရသူစင်ပေါ်သို့ တက်ရောက်ဟောပြောချိန် မှာ လူငယ်တစ်ဦးက ဦးဝီရသူ၏ ပြောဆိုချက်တွေ ကို စင်အောက်က ပြန်လှန်ပြောဆိုနေတဲ့အတွက် အမျိုးသားရေး လှုပ်ရှားသူတို့ က သည်းမခံနိုင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲ တက်ရောက်လာကြသူတွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ အား ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၃၆၁ အား ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး ဆိုပြီး ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ပါတယ်။

ပုဒ်မ ၅၉(စ) က နိုင်ငံတော်သမ္မတ၏ သတ်မှတ်အရည်အချင်းဖြစ်ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ဦးဦးသော်လည်းကောင်း၊ ဇနီး(သို့) ခင်ပွန်း သား၊ သမီး သော်လည်းကောင်း၊ ထိုသားသမီး၏ ဇနီး(သို့) ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားသားအစိုးရရဲ့ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ၊ လက်အောက်ခံဖြစ်သူ မဖြစ်စေရ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ၊ တိုင်းတပါးသား ခံယူထားသူ၊ အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်ရှိသူ မဖြစ်စရေလို့ အခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့လယ်မှာ အမျိုးသားရေးအင်အားစုတွေ ဦးဆောင်ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့လယ်မှာ အမျိုးသားရေးအင်အားစုတွေ ဦးဆောင်ပြုလုပ်

ပုဒ်မ ၂၆၁ ကတော့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်တို့နဲ့ ပတ်သက်ပြီး သတ်မှတ်ထားရာမှာ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်ရှိနေတဲ့ အခွင့်အရေးကို ဖော်ပြထားတဲ့ဥပဒေ ဖြစ်ပါတယ်။

ရုန်းရင်းဆန်ခတ် ဖြစ် မူမှာ ပါဝင်သူနှစ်ဦးကိုတော့ ကျောက်တံတား ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့သိရပါတယ်။

အော်တဲ့သူက လွတ်သွားပြီးဘေးက မလုပ်ဖို့ပြောတဲ့ တားတဲ့သူဖမ်းခံရတာလို့ အဲဒီပွဲမှာ သတင်းယူနေခဲ့တဲ့ ဓာတ်ပုံ သတင်းထောက် တစ်ဦး ကပြောပါတယ်။