ထွက်ပြေးတဲ့ ရိုဟင်ဂျာ အရေအတွက် အခုသီတင်းပတ်ထဲ တိုးမြင့်လာ

ရိုဟင်ဂျာ
ဓာတ်ပုံ ပုံစာ, ခြေကျင်ခရီး နှင်ခဲ့ကြ

ရိုဟင်ဂျာ မွတ်ဆလင် တစ်သောင်းတစ်ထောင်ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ အောက်တိုဘာ ၉ ရက်၊ တနင်္လာနေ့က ထွက်ပြေး လာခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် စာရင် ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဝင်လာနေတဲ့ လူစီးကြောင်းရဲ့ ပျမ်းမျှ အရေအတွက် ရုတ်ချည်း ကြီးကြီးမားမား တိုလာတာ ဖြစ်ပါတယ်။

ထွက်ပြေးလာကြတဲ့ ဒုက္ခသည် အတော်များများက ရိုဟင်ဂျာတွေ အသတ် ခံနေရတယ်၊ အိမ်တွေ မီးရှို့ ခံနေရတယ်လို့ ထွက်ဆိုကြပြီး လူတချို့မှာ ပြင်းပြင်းထန်ထန် ရထားတဲ့ ဒဏ်ရာတွေ ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရောက်လာခဲ့သူ တချို့ ဆိုရင် နယ်စပ်ကို ဖြတ်ကျော် နိုင်ဖို့ ၁၄ ရက် လောက် အထိ ခြေကျင်ခရီး နှင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ နှောင်းပိုင်းက မြန်မာ နယ်ခြားစောင့် ကင်းစခန်းတွေ တိုက်ခိုက် ခံခဲ့ရပြီး တဲ့နောက် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက စစ်ရေးအရ တုံ့ပြန် ဆောင်ရွက် ခဲ့ပါတယ်။

ဒီ အခြေအနေတွေကြား ရိုဟင်ဂျာ အရပ်သားတွေပါထွက်ပြေး ခဲ့ရတာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရောက်လာကြတဲ့ အရေအတွက် ၅ သိန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။