လာစ်ဗေးဂတ်စ် ပစ်ခတ်မှု လူ ၅၀ သေဆုံး၊ ရာပေါင်းများစွာ ဒဏ်ရာရ
သေနတ်သမား တစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံး ခဲ့ရတဲ့ ဖြစ်ရပ်ဟာ ခေတ်သစ် အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ရပ်လို့ ပြောနိုင်ပါတယ်။
နောက်ထပ် လူ ၄၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ပါတယ်။
သေနတ်သမားဟာ အသက် ၆၄ နှစ် အရွယ် ဒေသခံ စတီဖန် ပက်ဒေါ့ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။
အဲဒီသူဟာ မန္တလေးဘေးလို့ အမည်ရှိတဲ့ ကာစီနို လောင်းကစား ဟိုတယ်ကြီး ရဲ့ ၃၂ ထပ် အမြင့် ကနေ လေဟာပြင်မှာ ကျင်းပနေတဲ့ ဂီတပွဲဆီကို သေနတ် နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့ အပြင် သူ့ အခန်းထဲ ကနေ ရိုင်ဖယ် သေနတ် ၁၀ လက် ကိုလည်း ရှာဖွေ တွေ့ရပါတယ်။
သူဟာ တခြား အစွန်းရောက် အဖွဲ့တွေနဲ့ ဆက်နွယ်တယ်လို့တော့ ရဲဘက်က မပြောပါဘူး။
အခု ဗီဒီယိုထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပုံတွေ ပါဝင်ကြောင်း ကြိုတင် သတိပေး အပ်ပါတယ်။