ပဋိပက္ခဒေသ စားကုန် စျေးနှုန်း ၂ဆ ကနေ ၃ဆ အထိ ပေးနေရ

ဗီဒီယို ပုံစာ, ပဋိပက္ခဒေသ စားကုန် စျေးနှုန်း ၂ဆ ကနေ ၃ဆ အထိ ပေးနေရ
ပဋိပက္ခဒေသ စားကုန် စျေးနှုန်း ၂ဆ ကနေ ၃ဆ အထိ ပေးနေရ

စစ်တပ်က အာဏာသိမ်းတာ ၅ နှစ်နီးပါး ရှိလာချိန် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကုန်စျေးနှုန်းကြီးမြင့်တာ၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာနဲ့ ဖြတ်သန်း သွားလာခွင့် ငွေကြေး ကောက်ခံတဲ့ ဂိတ်တွေ များလာတာကြောင့် အခြေခံ စားကုန်တွေကို ပြင်ပ ပေါက်စျေး ၂ဆ ကနေ ၃ ဆ အထိ ပေးပြီး ဝယ်ယူနေကြရပါတယ်။ ဒါကြောင့် ကရင်နီဒေသ၊ စစ်ကိုင်း၊ ရခိုင်နဲ့ ကချင် ဒေသမှာ နေထိုင် စားသောက် ရပ်တည်ဖို့ ခက်ခဲတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဒီအကြောင်း မရွှေပိုးနီက ပြောပြပေးထားပါတယ်။