အမေရိကန် သမ္မတလောင်းတွေ အမျိုးသမီး မဲဆန္ဒရှင်တွေ ထောက်ခံမှု ရဖို့ ကြိုးပမ်း

ဗီဒီယို ပုံစာ, အမေရိကန် သမ္မတလောင်းတွေ အမျိုးသမီး မဲဆန္ဒရှင်တွေ ထောက်ခံမှု ရဖို့ ကြိုးပမ်း
အမေရိကန် သမ္မတလောင်းတွေ အမျိုးသမီး မဲဆန္ဒရှင်တွေ ထောက်ခံမှု ရဖို့ ကြိုးပမ်း

အမေရိကန် မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်အနည်းငယ်လောက်ပဲ ကျန်တဲ့ အချိန်မှာ ဒေါ်နယ် ထရမ့်နဲ့ ကမာလာ ဟဲရစ် တို့ဟာ အကျိတ် အနယ် စည်းရုံးမှုတွေ လုပ်နေကြပါတယ်။ အိမ်ဖြူတော်ကို ရောက်ဖို့ အရေးပါတဲ့ အမျိုးသမီး မဲဆန္ဒရှင်တွေဆီက မဲရဖို့ အတွက် သမ္မတ လောင်းတွေဟာ အပြိုင် အဆိုင် ကြိုးစားနေကြပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီးတွေကို ပြောတဲ့ မဲဆွယ်စည်းရုံးရေး စကားတွေကတော့ မတူညီကြပါဘူး။ ကာမလာ ဟဲရစ် ကတော့ အမျိုးသမီး ဆိုတဲ့ သူ့ရဲ့ ဝိသေသတွေကို နှိမ့်ချပြောဆိုခဲ့ပေမဲ့ အမျိုးသမီးတွေရဲ့ ကလေးမွေးဖွားခွင့်၊ ကိုယ်ဝန် ဖျက်ချပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်လို့ အလေးထား ပြောဆိုသွားခဲ့ပြီး အိမ်ဖြူတော်ကို ရောက်ဖို့ သမ္မတလောင်း နှစ်ယောက်ဟာ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ အမေရိကန် အနောက်ဘက်က အရေးပါတဲ့ ပြည်နယ်တွေဖြစ်တဲ့ နီးဗားဒါးနဲ့ အရီဇိုးနား ပြည်နယ်တွေကို သွားရောက်ပြီး မဲဆွယ် စည်းရုံးမှုတွေလည်း လုပ်နေကြပါတယ်။ ဘီဘီစီ မြောက်အမေရိက ဆိုင်ရာ သတင်းထောက် အမ်မာ ဗာဒီရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။